Hotel ဝန်ထမ်းတစ်ဦး ဆရာဝန်တစ်ယောက်အားအလျင်အမြန်သွားပင့်ကာ Hotel သို့ခေါ်လာ၏...ကိုလွင်တစ်ယောက် အလိမ္မာ၏ခြေထောက်တွင်ထွက်နေသောသွေးများအား ကြည့်ရင်းခြေမကိုင်မိလက်မိကိုင်မိဖြစ်နေရှာသည်..
"ခြေထောက်ကအရင်ဒဏ်ရာဟောင်းတောင်ကောင်းကောင်းမပျောက်သေးတဲ့ပုံပဲ"
"ဟုတ်ဆရာ ညီမလေးကရေနွေးပူတွေခြေဖမိုးပေါ်လောင်ထားတာပါ"
"ဪ...ဂရုစိုက်လေဗျာ...ခြေဖခိုးတစ်ခုလုံးရစရာမရှိအောင်ဖြစ်သွားနိုင်တယ်..ပြီးပေါ်ခြေထောက်ပေါ်မီးခဲပြုတ်ကျတာမှတ်လား"
အလိမ္မာခေါင်းညိတ်ပြလိုက်သည်...
"အလိမ္မာရယ်အဲ့တာကိုဘာလို့အသံတစ်ချက်မှထွက်မလာတာလည်း တော်သေးတာပေါ့ minzyမြင်လို့"
"လူနာကိုဖြစ်နိုင်မယ်ဆိုရင်လမ်းအရမ်းမလျှောက်ခိုင်းပါနဲ့အုံး အပေါ်ယံအရေပြားရောအထဲကအသားနုပါထိထားတာဂရုစိုက်ပေးလိုက်ပါ..ဆရာအကိုက်အခဲပျောက်ဆေးနဲ့ပိုးသတ်ဆေးအချို့ပေးခဲ့မယ်...ပြီးတော့လူနာကအရမ်းအားနည်းနေတော့ဆရာအကြောဆေးတစ်လုံးထိုးပေးခဲ့ပါမယ်"
"ဟုတ်ဆရာကျေးဇူးပါ"
အမရာနှင့်ခွန်းချိုခတို့နှစ်ဦး ခွန်း၏အခန်းထဲတွင် ဆိုဖာပေါ်ထိုင်လျက်..
"မခွန်းတောင်းပန်ပါတယ်နော်"
"ဘာကိုလည်းမခွန်း"
"ဟို...မခွန်းကြောင့်အခုလိုဖြစ်ကုန်တာလေ"
"မဆိုင်ပါဘူး မခွန်းရယ်"
"အလိမ္မာလည်းတော်တော်ပူသွားမယ်ထင်တယ်"
"မပူလောက်ပါဘူးသွေးကအရင်အနာဟောင်းကြောင့်ထွက်လာတာနေမှာပါ"
အပူအနည်းငယ်လောင်သွားသော ခွန်းချိုခ၏လက်အားပတ်တီးစည်းပေးလိုက်သည်
"မခွန်းမြင်လိုက်တယ် သူ့ခြေထောက်ပေါ်ကိုမီးခဲအချို့ပြုတ်ကျသွားတာ မခွန်းကမီးဖိုကိုတိုက်လိုက်လို့"
သိမ်းလက်စဆေးပစ္စည်းများအားသိမ်းရင်း မိမိ၏လက်များအနည်းငယ်တုန်ရီသွား၏..အလိမ္မာ၏ခြေထောက်ပေါ်သို့မီးခဲကျခဲ့မှန်းမိမိမသိခဲ့ချေ...ဟန်မပျက်ပစ္စည်းများသိမ်းပြီးသော်
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်