ကိုလွင်နှင့်မှုံနသာတို့ ရဲစခန်းတွင်အမှုဖွင့်ရန်အားကုန်ကြိုးပမ်းကြ၏။မှုံနသာ အမရာဖုန်းအားအကြိမ်ကြိမ်ခေါ်နေသောလည်း အမရာမကိုင်။ရုံးသို့ခေါ်သော်လည်းရုံးတွင်မရှိ။အိမ်သို့ခေါ်သော်လည်းကလေးများပင်ရှိသည်။
"အမရာကလည်းဘယ်သွားပြီးဘာတွေလုပ်နေလည်းမသိဘူးကွာ"
"ဟို ဦးထင်ရှားရဲ့အိမ်ကို မှုံသိလား"
"မသိဘူးကိုလွင်ရဲ့ဦးထင်ရှားဆိုတာတောင်ခုမှကြားဖူးတာ"
"Kenကိုပဲဖုန်းဆက်အကူအညီတောင်းကြည့်လိုက်အုံးမယ်"
ကိုလွင် kenထံဖုန်းဆက်ကာအကူအညီတောင်းပြန်၏
~~~~~~
အမရာ၏လက်များတုန်ရီနေသည်။မိမိဘဝတွင်တစ်ခါမျှမမြင်ဖူးသောမြင်ကွင်း စိတ်ကူးပင်မယဥ်ခဲ့ဖူးသောပုံရိပ်အားတွေ့မြင်လိုက်ရသဖြင့် အမရာအနည်းငယ်တုန်လှုပ်သွား၏။
အလိမ္မာ၏ပါးစပ်တွင်ပိတ်စည်းထားသော အဝတ်စအားဖြည်ပေးလိုက်သောအခါ အလိမ္မာ၏နူတ်ခမ်းများနီရဲကာသွေးများထွက်နေ၏။
"အလိမ္မာတောင်းပန်ပါတယ် စီနီယာ"
သွေးမျာနှင့်နာနာကျင်ကျင်ခံစားနေရသည်မှာ အလိမ္မာပါ။သို့သော်လည်း သူမနှုတ်ခမ်းမှထွက်လာသောစကားသံမှာ အမရာအားပစ်တင်သောစကားမဟုတ်ပဲ သူမတောင်းပန်နေသောစကားဖြစ်သည်။
အမရာအံ့ကိုကြိတ်ကာ မိမိကိုယ်ကိုအပြစ်တင်မိနေတော့၏"ကယ်ရှေ့နေလည်းရောက်ပြီဆိုတော့ အမရာလာလက်မှတ်ထိုး"
အလိမ္မာ အမရာအား
"ဘာတွေလက်မှတ်ထိုးခိုင်းနေတာလည်းစီနီယာ အလိမ္မာကြောင့်ဆိုရင်တော့မလုပ်ပါနဲ့နော်"
"အမယ်လေးသိပ်ကိုသိတတ်နေကြတာပေါ့ဟဲ့အမရာငါစောင့်ရတဲ့အလုပ်တွေအမုန်းဆုံးနော်"
"ဒီကိစ္စကအလိမ္မာနဲ့မဆိုင်ပါဘူး ငါတို့ရဲ့မိသားစုကိစ္စပါနင်နဲ့မဆိုင်ဘူး"
အမရာရှေ့နေထိုင်နေသော အိမ်ရှေ့ခန်းသို့ထွက်လာ၏
"တူမကြီးရေဒါတွေကသေချာလို့လားကွယ်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်