ဒေါ်မူယာတစ်ယောက် လောင်းကစားဝိုင်းနှင့်ဓာတ်ကျနေခဲ့သည်မှာ ကြာခဲ့လေပြီ...သူမအိမ်သို့ပြန်လာချင်စိတ်ရှိချိန်မှသာ အိမ်ပြန်လာတော့၏..အမရာ ဆီမှငွေတောင်းမရလျှင် minzy ထံမှရတာအကုန်ကောင်းယူသွားတတ်သည်။တစ်ခါတစ်ရံ မူးရူးပြီးအချိန်မတော်မှအိမ်သို့ပြန်လာတတ်သေး၏
အမရာ ခလေးများစိတ်ရူပ်မည်ကိုဆိုး၍ ဒေါ်မူယာအား မူးရူးနေခဲ့လျှင်အိမ်သို့ပြန်မလာပါနှင့်ဟု ပြောထားဖူးသည်။"စီနီယာ မနက်စာစားသွားမှာလား"
"အေ..ပြင်ထားလိုက်...ခလေးတွေရော"
"ဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့သူတို့တွေအိပ်နေကြတုန်းပါ"
"ပြီးရော...ငါရေချိူးလိုက်အုံးမယ်...ငါဒီနေ့ရုံးခွဲတွေသွားစရာရှိတယ် ငါ့ကိုဝတ်စုံတစ်စုံကိုရွေးပြီးမီးပူပြန်တိုက်ပေးထား "
"ဟုတ်..စီနီယာ "
"ဖိနပ်ကိုလည်း ဖိနပ်တိုက်တဲ့ဆေးနဲ့သေချာပြောင်နေအောင်တိုက်ထား"
"ဟုတ်..အလိမ္မာ တိုက်ထားလိုက်ပါ့မယ်"
အမရာ ရေချိူးခန်းအတွင်းသို့ဝင်သွားသည်နှင့်တစ်ပြိုင်နက် အလိမ္မာ အဝတ်ဗီရိုထဲမှ အမရာ ဝတ်ဆင်ရန် ဝတ်စုံတစ်စုံအားထုတ်ယူလိုက်ပြီး မီးယူတိုက်ပေးရန် မိမိအခန်းထဲသို့သယ်သွား၏...
အဝတ်များအား ခေါက်ရိုးကျစွာတိုက်ပေးပြီး ကုတင်ပေါ်သို့အပြန့်သားတင်ပေးထားလိုက်သည်။ထို့နောက်အောက်ထပ်သို့ပြန်ဆင်း ဖိနပ်စင်ရှိ အမရာ ၏ ဖိနပ်တစ်ရံအားသေချာပြောင်လက်နေအောင် တိုက်ပေးပြီး အဆင်သင့်ခြေအိတ်ပါချပေးထား၏..
လက်များအားသေချာဆေးကြောပြီး အမရာ စားရန်မနက်စာပြင်ဆင်ပေးနေချိန်..."မနက်စာကငါမုန့်ဟင်းခါးစားချင်တာနင်ဘာဝယ်ထားတာလဲ"
"အလိမ္မာ မုန့်ဟင်းခါးပဲဝယ်ထားပါတယ် စီနီယာ"
"ဪ..ငါ့အခန်းထဲကစားပွဲပေါ်မှာ နာရီမေ့ကျန်ခဲ့ပြီသွားယူပေး"
"ဟုတ်.."
ခြေသံဖွဖွဖြင့်ခပ်သုတ်သုတ်နင်းလျှောက်ရင်း အပေါ်ထပ်သို့တက်သွားသည်။
စားပွဲပေါ်တွင်ပြင်ထားသော မုန့်ဟင်းခါးပန်းကန်အားလှမ်းယူ ဇွန်းဖြင့်အနည်းငယ်မွှေပြီး အမရာ တစ်လုတ်စားကြည့်လိုက်ရာ အရသာအား အမရာ ခံတွင်းမတွေ့ အလိမ္မာ ပြန်ဆင်းမလာခင် မုန့်ဟင်းခါးများအား စားကျွင်းစားကျန်များထည့်သော ပုံးထဲသို့ လောင်းထည့်လိုက်ပြီ ပြန်ထိုင်နေ၏
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်