Hope company တွင်အရေးကြီးသောရုံးပိုင်းဆိုင်ရာနေရာများတွင် ဝန်ထမ်းသစ်များခန့်အပ်ရန် မိမိကိုယ်တိုင် အင်တာဗျုး၏..
အမျိူးသမီးများသာ ဦးစားပေးခေါ်ယူတတ်သော သတင်းကြောင့် အမျိူးသမီးငယ်များ သတ်လတ်ပိုင်းအမျိူးသမီးများ လာရောက်အင်တာဗျူးဖြေဆိုကြသည်။"ဒါဆို မင်းနာမည်က ခွန်းချိုခပေါ့"
"ဟုတ်"
"CV form မှာလုပ်ငန်းအတွေ့အကြုံမရှိဘူးလို့ရေးထားတယ်"
"ဟုတ်..."
"အင်း...အထက်တန်းကျောင်းအောင်ပြီးအပြင်သင်တန်းတွေပဲတတ်ခဲ့တာပေါ့"
"ဟုတ်...business နဲ့ management ပိုင်းဆိုင်ရာ ကျောင်းတော်တော်များများတတ်ဖူးပါတယ်"
"အသက်က ၂၅ ဆိုတော့ အမရာ ထက်ကြီးတာပဲ....ကောင်းပါပြီ...ဒါဆို...အမရာ တို့ဘက်ကတစ်ပတ်အတွင်းအကြောင်းပြန်ပေးပါမယ်"
ကော်ဖီခွက်ကိုင်ထားရင်း ဆိုန အမရာ ရုံးခန်းထဲပြန်ဝင်လာ၏....
"မမလေး...ကော်ဖီရပြီ"
"ဒီကအမပြန်လို့ရပြီနော်"
"ဪ..ဟုတ်."
ခွန်းချိုခ ရုံးခန်းတွင်းမှထွက်ခွာလာခဲ့သည်။
"ဒါနဲ့ အင်တာဗျူးမဲ့လူတွေကျန်သေးလား"
"မကျန်တော့ဘူး မမလေး ခဏနေရင် မမလေး M company ရဲ့ နှစ်ပတ်လည်အခမ်းအနားကိုသွားရောက်ဂုဏ်ပြုပေးရပါအုံးမယ်...ဆိုန ပန်းစည်းလည်းအဆင်သင့်ပြင်ထားပါတယ်"
ကော်ဖီအားတစ်ကျိုက်မော့လိုက်ပြီ
"ကားပြင်ထားလိုက်လို့ လုံခြုံရေးတစ်ယောက်ကိုပြောထားလိုက်ပါ သော့ကတော့ ဟိုစားပွဲပေါ်မှာ "
"ဟုတ်..မမလေး"
******************
"ကျေးကျေးရေ နေ့လည်စာလာစားကြတော့"
ကျောင်းပိတ်ရက် သူငယ်ချင်းသုံးယောက်၏သံယောဇဥ်မှာတဖြည်းဖြည်းနှင့်ပိုမိုခိုင်မာလာ၏...ညီမအရင်းများသဖွယ်တစ်ဦးနှင့်တစ်ဦးဂရုစိုက်ကြင်နာကြ၏..
"ငါတို့ကိစ္စပြီးမှဆက်တိုင်ပင်ရအောင်ခုမမအလိမ္မာခေါ်နေပြီထမင်းသွားစားရအောင်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်