She. Her👸👰Ending

10.7K 388 38
                                    

မိမိ၏မျက်လုံးအရင်မဖွင့်မှီ နှာခေါင်းတွင်လှိုက်ခနဲရလိုက်သော ရနံ့မှာရင်းနှီးလှသောရနံ့။ဆေးများအနံ့လှိုင်လှိုင်ထနေသောရနံ့ဖြစ်သည်။ဖခင်ဆီသွားတိုင်းအမြဲတစေ ရူရှိုက်ရသောရနံ့။
ခေါင်းမှာအနည်းငယ်နာကျင်နေသေးသောကြောင့် ချက်ချင်းထထိုင်ချင်သောလည်းမထနိုင်။မျက်လုံးကိုသာဖွင့်လိုက်တော့သည်။အချိန်အားဖြင့်ည၁၀နာရီနီးနီး

ထင်သည့်အတိုင်းပင်မိမိဆေးရုံရှိကုတင်တစ်ခုပေါ်တွင်ဖြစ်သည်။ဘေးဘယ်ညာကြည့်လိုက်သော မိခင်ဖြစ်သူမှာဆိုဖာပေါ်တွင်အိပ်ပျော်နေပြီ အစ်မဖြစ်သူlaptopတစ်လုံးဖြင့်အလုပ်လုပ်နေ၏
မိမိရှာဖွေနေသော သူကိုမတွေ့။

"မမ"

အမဖြစ်သူ သူမသတိရလာသည်အားမြင်လိုက်သော မိခင်ဖြစ်သူအားချက်ချင်းနှိုးလိုက်သည်။

"သတိရလာပြီလား"

"ဟုတ်"

"သမီးနာနေသေးလားဟင်နေရထိုင်ရတာအဆင်ပြေရဲ့လား"

"ဟုတ်ပြေပါတယ်မေမေ ဟိုဒါနဲ့နော်စီနီယာရော"

"ဟိုအမရာဆိုတဲ့မိန်းခလေးကိုပြောတာလား"

"ဟုတ်မေမေ"

"သူသမီးရဲ့ဟိုဘက်အခန်းမှာ"

"ရှင် စီနီယာဘာဖြစ်လို့လဲ"

"သူအားနည်းနေတာပါကြီးကြီးမားမားမဟုတ်ပါဘူး"

"သမီးစီနီယာကိုသွားကြည့်ချင်တယ်"

"အလိမ္မာနင်ခုမှနိုးလာတာလေ ထလမ်းလျှောက်ရင်ခေါင်းမူးမှာပေါ့"

"ရပါတယ်မမအလိမ္မာမမူးပါဘူး"

တားလည်းရမည့်ပုံမပေါ်။အလိမ္မာဇွတ်ထကာမိမိလက်တွင်သွယ်ထားသော ဆေးအိတ်ချိန်ထားသည့်ဒေါက်အားမိမိဘာသာတွန်းရင်း တစ်ဖက်အမရာ၏အခန်းသို့သွား၏

အလိမ္မာအခန်းတံခါးခေါက်ကာ အခန်းဝတွင်ရပ်နေ၏အထဲမှတစ်စုံတစ်ရာတုံ့ပြန်မှုမရှိသဖြင့် တံခါးအားမိမိသဘောဖြင့်ဖွင့်ကာ အခန်းထဲသို့ဝင်လိုက်၏

အမရာကုတင်ပေါ်တွင်အိပ်ပျော်နေသည်။သန့်စင်ခန်းတွင်းမှ ခွန်းချိုခလက်များရေသုတ်ရင်းထွက်လာ၏

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGTempat cerita menjadi hidup. Temukan sekarang