She. Her👰👸ep 1

8.9K 413 0
                                    

""ဘာလိုလိုနဲ့မနက်ဖြန်ဆို minzy.. မမ.အမရာ တတ်တဲ့ကျောင်းမှာတတ်ရတော့မယ်"

"ဟုတ်ပါ့..ဘာလိုလို minzy လေးတောင် အလယ်တန်းရောက်လာပြီပဲ"

"ဆည်းဆာရော minzy နဲ့တူတူတက်မှာပဲလား"

"အင်း..မမ.."

အမရာ တက်သော အထက်တန်းကျောင်းသို့ minzy နှင့် ဆည်းဆာ တို့တူတူကျောင်းအပ်ကြသည်။

"မိအမရာ ငါ့အခန်းထဲကိုခဏလာခဲ့"

မိထွေးဖြစ်သူခေါ်သောနောက်သို့ အမရာ လိုက်သွား၏..

"နင့်ကိုတစ်ခါထဲမှာထားမယ် ငါ့သမီးကိုကျောင်းမှာနင့်ညီမဆိုပြီးလူတကာကိုလိုက်မပြောနဲ့ ဆရာမတွေကိုလည်းပြောစရာမလိုဘူး..မယားငယ်သမီးနဲ့ငါ့သမီးလေးကိုတန်းတူလူအလည်ထုတ်မပြနိုင်ဘူးငါပြောတာကြားလား"

"ဟုတ်ကြားပါတယ်. ဒါပေမဲ့ ဖေဖေကကျောင်းမှာညီမလေးကိုဂရုမစိုက်ပဲပစ်ထားရင်နှစ်ယောက်လုံးကိုဆူဆုံးမမယ်လို့ပြောထားတယ်"

"ဘာလဲ ညည်းကဖအေနဲ့ငါ့ကိုကိုင်ပေါက်နေတာလား"

"မဟုတ်ပါဘူး...အမရာကဖေဖေပြောတာကိုပြန်ပြောပြတာ"

ထိုအချိန် ခြံဝမှ ဦးကောင်းစံ၏ကားဝင်လာသည်ကိုမြင်ပြီး အမရာ အားချက်ချင်းပြန်သွားခိုင်းလိုက်သည်။

"ကို ပြန်လာပြီလား "

"သမီးတို့ရော"

"ခလေးတွေကသူတို့အခန်းထဲမှာပဲနေမှာပေါ့"

"ခေါ်လိုက်နှစ်ယောက်လုံး"

"ဟုတ်ကဲ့ပါ"

ဦးကောင်းစံဇနီးဒေါ်မူယာ ခလေးနှစ်ယောက်အားသွားခေါ်၏

"ဖေဖေ သမီးတို့ကိုခေါ်တယ်ဆို"

"သမီးငယ်ကရော"

"ညီမလေးကမျက်နှာသစ်နေလို့ခဏနေဆင်းလာမယ်တဲ့"

ခဏအကြာတွင် minzy ဆင်းလာ၏

"ဖေဖေသမီးတို့ကိုမုန့်ဖိုးပေးမလို့လား"

"သမီးတို့ကိုလူတစ်ယောက်နဲ့မိတ်ဆက်ပေးမလို့."

မိမိဘေးတွင်ထိုင်နေသော အမျိူးသမီးတစ်ယောက်နှင့် သမီးနှစ်ယောက်အားမိတ်ဆက်ပေးလိုက်၏

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGWhere stories live. Discover now