တိတ်ဆိတ်နေသာ မနက်ခင်းတစ်ခု...မိမိ၏လက်များမှာလည်း လူတစ်ဦးအားပွေ့ဖက်ထား၏..ထိုလူ၏ဦးခေါင်းလေးမှာလည်းမိမိရင်ခွင်ထဲ တိုးဝှေ့နေသေးသည်။
အမရာ မျက်လုံးဖွင့်ကြည့်လိုက်ရာ....
အလိမ္မာ မိမိ၏ရင်ခွင်ထဲ မှေးစက်အိပ်ပျော်နေ၏...ဖက်ထားသောမိမိ၏လက်နှစ်ဖက်အား ဖယ်ရှားရင်း အလိမ္မာ အားတွန်းထုတ်လိုက်ရာ
"ဟင်...စီနီယာ နိုးလာပြီလား အဖျားရောကျသွားပြီလား"
အလိမ္မာ မိမိ၏လက်ဖြင့် အမရာ ၏နဖူးအားထိရန်လက်အလှမ်း...
အလိမ္မာ ၏လက်အား အမရာ မိမိလက်ဖြင့်ပုတ်ချလိုက်သည်။"နင်ဒီကိုဘာလာလုပ်တာလဲနင့်ကိုဘယ်သူကဒီအခန်းထဲပေးဝင်လို့လဲ အလိမ္မာ "
"ဟို...အဲ့တာ...မနေ့က မမမှုံလည်းစိတ်တွေပူနေတောလိုက်ရှာရင်း စီနီယာ ဒီမှာရှိမယ်ထင်လို့ အလိမ္မာ လိုက်လာကြည့်တာပါ...ဒီရောက်တော့ စီနီယာ ကအဖျားတွေတက်ပြီးကိုယ်တွေပူနေလို့ အလိမ္မာ "
"နင်..ခုချက်ချင်းဒီကုတင်ပေါ်ကဆင်း..ငါမသိပဲ ငါ့အသားကိုထိတာ...ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ..နင်ပြန်တော့ငါ့ဘာသာ မှုံကိုဖုန်းဆက်လိုက်မယ်"
အလိမ္မာ
အမရာ ၏စကားအားတစ်ခွန်းတစ်လေမျှမလွန်ဆန်နိုင်ပါ.....ကုတင်ပေါ်မှဆင်း အောက်ထပ်တွင်မျက်နှာသစ်သန့်စင်ပြီး အိမ်သို့ပြန်လာခဲ့သည်။မနက်စောစော အမရာ၏အိမ်တွင်...
"ဟာ...ဆည်းဆာ ဘယ်လိုဖြစ်ပြီးဒီအခန်းထဲရောက်နေတာလဲပြီးတော့...မမှုံကိုလွှတ်ပါအုံး"
ဆည်းဆာ မှုံနသာအားတင်းကြပ်စွာဖက်ထားသည်။မနေ့ညအချိန် အိပ်ခန်းထဲသို့ ဆည်းဆာ ဝင်လာမှန်း အိပ်မောကျနေသော မှုံနသာ မသိခဲ့ချေ....
"ဘာဖြစ်လို့လဲ ဆည်းဆာ ညထဲကဒီမှာအိပ်နေတာ"
"ဟင်..ညထဲကဟုတ်လား...မမှုံလည်းမသိပါလား"
"မမှုံကအိပ်ပျော်နေတာလေ ဘယ်လိုလုပ်သိမှာလဲ"
"ဒီလက်တွေကိုလွှတ်ပေးပါအုံး ဆည်းဆာ ရယ် ကျေးကျေးနဲ့ minzy တို့မြင်သွားရင်မကောင်းဘူး"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်