"ဪ..သတိရလာပြီလား"
"ဟို..အမရာကဘယ်လိုလုပ်ဒီကိုရောက်နေတာလည်း"
"ဟို ကိုလွင်ကယ်ပေးလိုက်တဲ့မိန်းခလေးက Hope company ဝန်ထမ်းပါ"
"ဪ..တိုက်ဆိုင်သွားတာပေါ့..ဒါနဲ့သူရောသက်သာရဲ့လား"
"ဟုတ်..သက်သာပါတယ်..ခုတော့အမရာအိမ်ပြန်နားခိုင်းထားပါတယ်ဒီကကိုလွင်ရဲ့ကုသစရိတ်ကိုလည်းအကုန်ရှင်းပေးထားပါတယ် မခွန်းလည်းနောက်မှကျေးဇူးတင်စရာပြောရအောင် အမရာမိတ်ဆက်ပေးပါ့မယ်"
"ကျေးဇူးတင်စရာမလိုပါဘူးအကိုကဒီအတိုင်းပဲကူညီခဲ့တာပါ"
အမရာ၏အိမ်တွင်...
"အလိမ္မာဘာထိုင်လုပ်နေတာလည်း"
"ဒီအတိုင်းခဏထိုင်နေတာပါမမှုံ"
"အလိမ္မာမနက်ဖြန်မလိုက်ရင်လည်းမလိုက်ပါနဲ့လားအိမ်မှာနားနေပါလား"
"မဟုတ်တာမမှုံရယ်အလိမ္မာသက်သာနေပါပြီ"
"ညီမလေးရယ်ခြေထောက်မှာအမာရွတ်ကြီးတစ်သက်လုံးပါသွားရှာတော့မှာပဲ"
"ခြေထောက်မှာဖြစ်တာပဲမမှုံကယ်အဲ့လောက်ကြီးမဆိုးပါဘူး..အမာရွတ်ကျန်လည်း"
"ရေမျိူးချိူးပြီးတစ်ရေးတစ်မောအိပ်လိုက်အုံးလေ"
"ဟုတ်မမှုံ"
အလိမ္မာ အမရာပေးထားခဲ့သောပိုက်ဆံများအားမိမိ၏ခေါင်းအုံးအောက်တွင်းသို့ထားပြီးရေဝင်ချိူးတော့သည်...
"မမှုံအိမ်ခဏပြန်လိုက်အုံးမယ်နော်သုံးယောက်လုံးရေမိုးချိူးပြီးအေးဆေးနားနေအုံး"
"ဟုတ်မမှုံ"
မှုံနသာ၏လက်အားလှမ်းဆွဲကာ..
"ဆည်းဆာ မ အိမ်ကိုလိုက်ချင်တယ်"
"ဆည်းဆာ မဆိုးနဲ့ကွာ..မ ညနေပြန်လာမှာကို"
"ခေါ်ပါနော်...နော်...နော်..."
"ခေါ်သွားလိုက်ပါ မမှုံရယ် "
"ဟုတ်တယ်မမှုံခေါ်သွားလိုက်ပါသူလည်းမိုတီလိုချင်မှာပေါ့ဟီးဟီး"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်