ခေါင်းတစ်ခုလုံးတူနှင့်ထုထားသကဲ့သို့ပင် နာကျင်ကိုက်ခဲနေ၏ နိုးနိုးချင်းမြင်လိုက်သည်မှာ မိမိကုတင်ဘေးရှိစားပွဲပေါ်တွင် တင်ထားသောသံပုရည်တစ်ခွက် မိမိလက်ဖြင့်ခေါင်းအားအနည်းငယ်နှိပ်နယ်ကာ အိပ်ယာမှထကာ ထိုသံပုရာရည်သားတစ်ကျိုက်တည်းအကုန်မော့ကာသောက်လိုက်သည်။
မိမိလက်တွင်ပတ်ထားသော နာရီအားကြည့်သော် မနက်၁၀နာရီ မိမိဟန်းဖုန်းအားယူကြည့်လိုက်သော ဆိုန၏ miss call များသည်မနည်းမနောပင်ကလင် ကလင် ကလင်
"ဟဲလို မမလေးနိုးပြီလား"
"အင်း ဘာကိစ္စရှိလို့လည်း "
"ဟိုရုံးမှာအမျိူးသမီးနှစ်ယောက်နဲ့အမျိူးသားတစ်ယောက် မမလေးကိုတွေ့ချင်လို့ပါဆိုပြီးစောင့်နေပါတယ် အမျိူးသားကဟိုတစ်ခါမြေကိစ္စဖြစ်တဲ့လူပါ"
""ဘာကိစ္စနဲ့တွေ့ချင်တာလည်းပြောလား"
"မပြောဘူးမမလေး ဒီအတိုင်းပဲတွေ့ချင်လို့ပါဆိုပြီးထိုင်နေကြပါတယ်"
"အင်းအင်းစောင့်နိုင်ရင်စောင့်နေလို့ပြောလိုက် အမရာနည်းနည်းနောက်ကျမယ်"
"ဟုတ်"
ဒေါ်ရိုစီ ယဥ်ကျေးနှင့်ကိုလွင်တို့ သုံးယောက် အမရာ၏ကုမ္ပဏီသို့ရောက်လာကြခြင်းဖြစ်၏ မသွားချင်သော်လည်း မကောင်းတတ်ပေ။မိမိသည် ကုမ္ပဏီပိုင်ရှင်တစ်ယောက် ဝန်ထမ်းပေါင်းများစွာ၏ခေါင်းဆောင်တစ်ယောက် ကလေးဆန်သောအကျင့်များကိုလည်းမလုပ်ချင် အမရာရေချိူးပြီး ရုံးသွားရန်ပြင်ဆင်၏
"ဒီပုံကိုမမအလိမ္မာသေချာကြည့်အရမ်းလှတယ်"
"အင်း minzyလိုချင်လို့လား"
"ဒါပေါ့ ဖြစ်နိုင်ရင်အကုန်လုံးတောင်လိုချင်တာ"
"ဟဲ့နင်ကလည်းတော်ရုံလောဘကြီးလေ"
minzy၏ laptop မှာသုံးဦးသား onlineတွင်တင်ထားသော အင်္ကျီလှလှလေးများတစ်ပုံချင်းကြည့်နေကြစဥ် ခြံထဲသို့ကားတစ်စီးဝင်လာသည်
"အမယ်ဘာတွေကြည့်နေကြတာတုန်း"
"ဟာမမမှုံခုမှပဲပေါ်လာနော်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်