အချိန်ဟာတဖြည်းဖြည်းနှင့် ကုန်လာခဲ့လေပြီ....အမရာ ၏ဖခင်တစ်ယောက် လည်းလောကကြီးကိုနှုတ်ဆက်ထွက်သွညးရှာလေခဲ့ပြီ။အလိမ္မာ လည်းကျောင်းပြီးခဲ့လေပြီ..ကျေးကျေး နှင့် minzy လည်း အထက်တန်းသို့ကျောင်းရှိခဲ့လေသည်။စာမလုပ်ချင်သော minzy အတွက် အမရာ မှုံနသာ အား မိမိအိမ်တွင်ကိုယ်ပိုင် guideအဖြစ်ကူညီပေးရန်ပြောသည်။minzy ကျေးကျေး နှင့်ဆည်းဆာ တို့သုံးယောက် အားမှုံနသာ guide လုပ်ပေးရန်လက်ခံလိုက်၏...ဆည်းဆာ သူမ၏မိဘများထံ minzy ၏အိမ်တွင်နေချင်ကြောင်း ကျောင်းပိတ်ရက်အိမ်ပြန်လာနေပေးမည်ဖြစ်ကြောင်း ခွင့်တောင်းသည်။အမရာ လညျးဝငျဲပွောပေး၏....တစ်ဦးနှင့်တစ်ဦးမိသားစုများကဲ့သို့ဖြစ်နေသော ကြောင့် ဆည်းဆာ၏မိသားစုခွင့်ပြုလိုက်သည်။
အမရာသည် အလိမ္မာအား အိမ်တွင် ခလေးသုံးယောက်အားလိုလေစိတ်မရှိအောင်ထားရန် မှုံနသာလာသည့်အချိန်များတွင်လည်း မှုံနသာအားလိုအပ်သမျှဖြည့်ဆည်းပေးရန်စေခိုင်း၏...
အမရာ၏အိမ်တွင်..
"မမနသာ ဒီတစ်ပတ်ကျောင်းပိတ်ရက် ရုပ်ရှင်ရုံ သွားဖို့ မမ ကိုပြောပေးပါလား"
"minzy တို့ကသွားချင်လို့လား"
"ဟုတ်.. "
"ကျန်တဲ့နှစ်ယောက်ကရော "
"ဟုတ်..သွားကြည့်ချင်ပါတယ် "
"ဟုတ်ပြီ...အဲ့တာဆို အမရာ ကိုပြောပေးမယ်ဟုတ်ပြီလား"
အလိမ္မာ ညစာအဆင်သင့်ဖြစ်နေသော်ကြောင့် မှုံနသာနှင့်အတူ ကျေးကျေးတို့သုံးယောက်အားညစာစားရန်ခေါ်၏...
"ဒါနဲ့ အလိမ္မာ ကအိမ်မှုကိစ္စတော်တော်နိုင်နင်းတာပဲနော်...အမရာ ကတော့လူတော်လေးတစ်ယောက်ရှာတွေ့ထားတာပဲ"
"အလိမ္မာ ငယ်ငယ်ထဲကအဲ့လိုပဲအိမ်အလုပ်တွေလုပ်လာရလို့ပါ"
"ဟုတ်ပါပြီ. နောက်လည်းအမရာအနားမှခုလိုပဲနေပေးပါအုံးနော်..သူ့ခမျာ ခတ်တာ မရှိတော့ထဲကတော်တော်အထီးကျန်နေခဲ့ရရှာတာအပြင်ပန်းပုံစံမှာ ကြာမောချင်ယောင်ဆောင်နေပေမဲ့..သူ့ရဲ့စိတ်နှလုံးသားကတော့အရင်လိုပျော့ညံနေတုန်းပဲ"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်