A ပုဂ္ဂလိကပိုင်စိတ်ရောဂါအထူးကုဆေးရုံကြီးတွင်
"ဖေဖေ...ဖေဖေနေလို့ကောင်းရဲ့လား"
"သမီးအလိမ္မာ ဖေဖေ့နေကောင်းပါတယ်သမီးလေးရော..ကျေးကျေးလေးရော"
"ကျေးကျေးနေကောင်းပါတယ်ဖေဖေ..ဒီမှာဖေဖေကိုမိတ်ဆက်ပေးဖို့ကျေးကျေးသူငယ်ချင်းတွေခေါ်လာခဲ့တယ်"
"ဟုတ်လား"
"သူက minzy တဲ့ သူကဆည်းဆာ သမီးတို့သုံးယောက် မမအမရာအိမ်မှာတူတူနေကြတာဖေဖေရဲ့"
"အမရာ ဆိုတာသမီးတို့ရဲ့ကျေးဇူးရှင်လေဖေဖေရဲ့ ခုဖေဖေရဲ့ဆေးရုံစရိတ်တွေလည်းသူပဲရှင်းပေးတာ ခုတော့သူကအပြင်မှာစောင့်နေတယ်"
"ဟုတ်လား...သမီးလေးတို့အဆင်ပြေနေတာကြားရရင်ဖေဖေဝမ်းသာလှပါတယ်...ဖေဖေ့သမီးလေးတွေကိုဖေဖေကတင့်တောင်းတင့်တယ်ထားခဲ့တာ လူအများအလည်မှာသမီးလေးတို့ကိုမျက်နှာမငယ်စေချင်ဘူး....ဖေဖေအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ထင်ရှား...အဲ့ကောင်ထင်ရှားလုပ်တာ"
အလိမ္မာ ဖခင်၏အခြေအနေထဖောက်ပြန်တော့မည်အားသူမသိ၍ ကျေးကျေးတို့သုံးယောက်အားအခန်းအပြင်သို့ထွက်သွားခိုင်းလိုက်သည်။
"ငါ့ရှယ်ယာ..ငါ့သမီးလေးရဲ့အသက်အာမခံကြေးတွေ ဒင်းလုပ်တာ ဒင်း..ငါ့ပိုက်ဆံတွေပြန်ပေး..ငါ့သမီးပိုက်ဆံတွေပြန်ပေး"
ကုတင်ပေါ်တွင်ဝရုန်းသုန်းကားဖြစ်နေသောဖခင်အားမိမိလက်နှစ်ဖက်ဖြင့်တင်းကြပ်စွာ အလိမ္မာ ဖက်ထားလိုက်၏
"စိတ်ထိန်းပါဖေဖေရယ်...စိတ်ထိန်းပါအုံးနော်"
"ငါ့ကိုသာသတ်လိုက်ကြပါတော့ကွာ..ငါ့ကိုသာသတ်လိုက်ကြပါတော့....ထင်ရှား...ထင်ရှား"
ဖခင်အားပွေ့ဖက်ထားရင်း အလိမ္မာ၏ဝမ်းနည်းပူဆွေးမှုဖုံးဖိထား၍မရခဲ့ချေ...သူမ၏မျက်ရည်များဖြည်မဆည်နိုင်အောင်တပေါက်ပေါက်ကျလေတော့သည်။
သူနာပြုနှင့်ဆရာဝန်ရောက်လာ အလျင်အမြန်စိတ်ငြိမ်ဆေးထိုးသွင်းပေးလိုက်ရာ ပြန်လည်ငြိမ်သက်သွားလေတော့သည်။"မမအလိမ္မာသနားပါတယ်"
"ကျေးကျေးမငိုနဲ့တော့နော်တိတ်တိတ်နင်ငိုနေတာပါ မမအလိမ္မာ မြင်ရင်သူပိုဝမ်းနည်းသွားမှာပေါ့"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်