She. Her👸👰ep7

4K 313 2
                                    

တစ်နှစ်တာကာလအတွင်း အမရာ Hope company အားအကောင်းဆုံးကြိုးစားဦးဆောင်ခဲ့သည်။
အလိမ္မာ အထက်တန်းနောက်ဆုံးနှစ်သို့ရောက်ခဲ့လေပြီ။အမရာ သူမအားကျောင်းဆက်ထားပေး၏။

တစ်နေ့ အမရာ အလုပ်ပင်ပန်းသဖြင့်အိမ်ပြန်ရောက်ရောက်ချင်း မိမိအခန်းထဲတွင်လှဲအိပ်နေစဥ်

ဒေါက်..ဒေါက်...

"စီနီယာ..."

"ဘာလဲ"

"ဟိုအဝတ်တွေမီးပူတိုက်ပြီးလို့လာထားတာပါ"

"ဝင်ခဲ့"

မိမိထိုအခန်းအားဝင်လိုက်တိုင်း နံရံတွင်အထင်းသားမြင်ရသော ခတ်တာနှင့်အမရာ ၏ပုံအားမြင်တွေ့တိုင်း အလိမ္မာ မိမိကိုယ်ကိုအပြစ်တင်စိတ်များအမြဲရှိ၏..အလိမ္မာ မိမိကြောင့် ခတ်တာ သေဆုံးရသည်ဟုအမြဲအပြစ်တင်သည်။

"နင်အဝတ်တွေထည့်ပြီးရင်ငါ့ကိုလာနှိပ်ပေး"

"ဟုတ်..စီနီယာ "

အလိမ္မာ အမရာ ၏ခြေသလုံးလေးများအားဖြည်းဖြည်းချင်းနှိပ်ပေး၏

"အားနဲ့နှိပ်စမ်းပါဟ နင့်ကိုဒီအတိုင်းကိုင်ခိုင်းနေတာမဟုတ်ဘူး"

"ဟုတ်"

အလိမ္မာ စိတ်ရှည်ရှည်နှင့် နှိပ်ပေးနေရင်း အမရာ အိပ်ပျော်သွားသည်။အမရာ အိပ်ပျော်သွားသော အလိမ္မာ အခန်းထဲမှဘာသံမှမထွက်အောင်သတိပြုပြီးထွက်လာခဲ့သည်။

"မမ minzy ဗိုက်ဆာနေပြီ"

"ဟုတ်ပါပြီ...လာ..မမအကုန်ချက်ပြီးပြီ"

အလိမ္မာ ကျေးကျေးနှင့် minzy အားညစာကိုယ်တိုင်ခွံကျွေး၏...ထမင်းစားပြီး ခလေးနှစ်ယောက်သူတို့အခန်းထဲသွားဆော့ကြတော့သည်။

"ဟဲ့...အိမ်ဖော်...ငါဗိုက်ဆာတယ်ထမင်းပွဲပြင်ပေး"

"ဟုတ်အန်တီ"

ဒေါ်မူယာ အတွက် အလိမ္မာ ထမင်းပွဲပြင်ပေးနေစဥ်

"သူက အမရာ ကျွန် နော်...သူများတွေခိုင်းဖို့ဝယ်ထားတာမဟုတ်ဘူး"

အမရာ ၏အသံအား မီးဖိုချောင်တံခါးဝမှကြားလိုက်ရ၏

"ဒေါ်မူယာ က အမရာ စကားကိုသိပ်နားမလည်ဘူးထင်တယ်။သူဒီအိမ်စရောက်ထဲက ပြောထားတယ်လေ...သူက အမရာ ကျွန် အမရာ ခိုင်းဖို့ငွေပေးဝယ်ထားတာ....တခြားလူခိုင်းစရာမလိုဘူး"

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGWhere stories live. Discover now