အမရာတစ်ယောက်အစည်းအဝေးခန်းထဲတွင် ဆွေးနွေးနေကြသော စီးပွားရေးအကြောင်းများဆီသို့အာရုံမရောက်နိုင်။
ဆိုနနှင့်ခွန်းချိုခတို့ အမရာစိတ်များအိမ်ရောက်နေသည်ကိုရိပ်မိကြ၏"ဟိုအဲ့တာကိုဘယ်လိုသဘောရလဲ ကျွန်တော်ပြောတာကိုပြင်စေချင်ပါသလား"
ထိုမေးခွန်းအားလည်းအမရာမကြား ဘေးမှထိုင်နေသော ခွန်းချိုခအမရာအားလက်တို့ကာ သတိပေးလိုက်သောမှ
"ဪ ပြင်စရာမရှိပါဘူးသဘောပါ"
ကလင် ကလင် ကလင်
အမရာဖုန်းအားချက်ချင်းကောက်ကိုင်၏
"ဟုတ် ဆရာမလေးပြောပါ"
အမရာကိုယ်ပိုင်ငှားထားသော သားဖွားမီးယပ်ကျွမ်းသူနာပြုမလေးဖြစ်၏
"ဟိုအမက တို့ဟူးနွေးစားချင်လို့တဲ့ရှင့်"
"ဟုတ်လား ဟိုငယ်လေးကိုရောကျွေးလို့ရပါ့မလား"
"ဟုတ်ရပါတယ်ရှင့်"
"ဟုတ် ဟုတ် ဒါဆိုခုဝယ်လာခဲ့ပါ့မယ်"
ဖုန်းချကာ အစည်းအဝေးပြီးပြီဟုဆိုရင်း အမရာရုံးမှချက်ချင်းပြန်သွားသည်။အစည်းအဝေးခန်းရှိလူများ တစ်ယောက်တစ်ပေါက်ဖြင့် သဲသဲလူပ်နေသော အမရာအားအရွှန်းဖောက်နေခဲ့ကြ၏
"ဖြည်းဖြည်း မမအလိမ္မာ ဆည်းဆာကိုသေချာကိုင်ထား"
"ဟဲ့ဆည်းဆာနင်တို့ကလည်းလေ မမပြောလည်းပြောချင်စရာကိုယ့်အိမ်ကိုနေပါအုံးငါတို့အိမ်ပဲလာလာနေ ပြီးတော့မအလိမ္မာဗိုက်ထဲကငါ့တူမလေးပါနော်"
"ဘာတူမလည်းတူလေးမွေးမှာတူလေး"
အလိမ္မာကိုယ်ဝန်ငါးလရောက်သော ဗိုက်ကလေးသိသိသာသာပူလာ၏ အလိမ္မာ၏မိဘများပင်ဂရုစိုက်ပေးစရာကိုမလိုလောက်အောင် အမရာအကုန်လိုလေစိတ်မရှိထားပေးသကဲ့သို့ မှုံနသာနှင့်ဆည်းဆာတို့နှစ်ဦးလည်း အချိန်ပြည့်နီးပါးရှိကြသည်။ကျေးကျေးလည်း မိဘများနှင့်နေရသည်မှာသိပ်မပျော်သဖြင့် အိမ်နှစ်အိမ်ဟိုနေဒီနေလုပ်၏
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်