She. Her👸👰ep35

4.8K 318 14
                                    

Hope company ၏နှစ်ပတ်လည်နေ့ပြီးသော company ၏ရှယ်ယာများတဟုန်ထိုးပင်ထိုးတက်လာသည်။

"ဒါကေတာ့ ဒီနှစ်သီးနှံထွက်ကုန်နဲ့စားသောက်ကုန်တွေရဲ့ကုန်ကျစရိတ်ပါ"

"ဟို စက်ရုံတွေမှာအလုပ်သမားအိမ်ယာဆောက်ပေးဖို့မြေရောကြည့်ပြီးပြီလား"

"ဟုတ် ကြည့်ပြီးပါပြီ မမလေးမြေတွေကတော့အကုန်အဆင်ပြေပါတယ်"

"အားရင်တော့ အမရာလည်းတစ်ချက်သွားကြည့်လိုက်ပါမယ်"

ဆိုနတစ်ယောက် စာရွက်စာတမ်းများပေးပြီးသော အပြင်ပြန်ထွက်သွားသည်။

~~~~~~

M coffee ဆိုင်တွင် မှုံနသာ ကိုလွင် ဒေါ်ရိုစီနှင့်ယဉ်ကျေးတို့စကားများပြောနေကြ၏

"အန်တီသမီးလေးကိုရှာကြပါအုံးကွယ်"

"မှုံစိတ်ထင်တော့ အလိမ္မာကအဲ့လိုလျှောက်ထွက်ပြေးတတ်တဲ့မိန်းကလေးမဟုတ်ပါဘူးဟိုမတော်တဆများမူးမေ့လှဲပြီးဆေးရုံတွေများရောက်နေမလားမသိဘူး"

"အင်း မှုံပြောတာလည်းနည်းနည်းဖြစ်နိုင်တယ် အကိုတို့ဆေးရုံတွေမှလိုက်စုံစမ်းမှထင်တယ်"

"မာမီကHotelမှာပဲနားနေလိုက်ပါ ယဉ်ကျေးသူတို့နှစ်ယောက်နဲ့ရှာလိုက်မယ်"

"မာမီလည်းလိုက်မယ်"

"ဟို အန္တီက Hotelမှာနားနေတာပဲကောင်းမယ်ထင်တယ် ပင်ပန်းနေရင်ဟိုမှုံတို့လည်းမြင်ရတာစိတ်ဘယ်ကောင်းပါ့မလည်း"

"ဟုတ်ပါတယ်အန်တီ Hotelမှာပြန်နားနေလိုက်ပါ ကျွန်တော်တို့အစွမ်းကုန်ရှာမှာပါ"

"ဪ ပြီးတော့ ဒီမွာ မှုံအလိမ္မာရဲ့ဓာတ်ပုံလေးနဲ့လူပျောက်ကြေငြာတဲ့လက်ကမ်းစာရွက်လေးတွေလုပ်လာသေးတယ်"

"ကျေးဇူးတင်ပါတယ်သမီးရယ်"

"ရပါတယ်အန်တီ အလိမ္မာကသမီးညီမလေးလိုဖြစ်နေပါပြီ"

ကျေးကျေးနှင့်minzyတို့နှစ်ဦးအား မှုံနသာအိမ်ပြန်မလွှတ်တော့ချေ။ဆည်းဆာနှင့်တူတူမိမိတိုက်ခန်းတွင်သာ နေခိုင်းသည်။

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGOnde histórias criam vida. Descubra agora