She. Her👸👰ep33

4.5K 309 19
                                    

"ဆရာသူ့ကိုအိပ်ဆေးလေးထိုးပေးထားတယ်ကြည့်ရတာအိပ်ရေးလည်းပျက်နေတဲ့ပုံပဲပြီးတော့အစာအိမ်ဆေးလေးတွေရောပေးခဲ့ပါတယ်"

"ဟုတ်ကဲ့ဆရာ"

"ပြီးတော့အမရာကို alcohol တွေအရမ်းသောက်တတ်လား"

"ဟုတ်တစ်ခါတစ်လေအရမ်းသောက်တတ်ပါတယ်ဆရာ"

"လျော့သောက်ခိုင်းဖို့ဆရာအကြံပြုပါရစေ"

"ဟိုစီနီယာကအလိမ္မာတို့စကားနားထောင်မှာမဟုတ်ဘူးဆရာ"

"ကောင်းပြီလေဒါဆိုသူနိုးလာခဲ့ရင်ဆရာကိုဖုန်းဆက်လိုက်ပါဆရာသူနဲ့ဖုန်းပြောကြည့်ပါမယ်"

"ဟုတ်"

ဆရာဝန်၏ဆေးအိတ်လေးအားကိုင်ကာ ဆရာဝန်ကားအနားသို့ အလိမ္မာလိုက်ပို့ပေး၏

"ဘာတဲ့တုန်းဆရာဝန်က"

"စီနီယာကိုအရက်လျော့သောက်ခိုင်းတယ်မမှုံ"

"အမယ်လေးပြောလို့ရနေအုံးမယ်"

"ဆရာဝန်ကတော့စီနီယာနိုးလာရင်ဖုန်းပြောမယ်တဲ့သူနဲ့"

"အင်း မမှုံလည်းအလုပ်လေးရှိသေးလို့ပြန်အုံးမယ်"

"ဟုတ်မမှုံ"

မှုံနသာ ဆည်းဆာအားပြန်ရန်အော်ခေါ်၏

"minzyနဲ့ကျေးကျး ခဏအလည်လိုက်သွားချင်လို့ မမအလိမ္မာ"

"မမှုံကအလုပ်ရှိသေးတယ်သွားမရူပ်ကြနဲ့လေ"

"ရပါတယ်လိုက်ခဲ့မမှုံကိုယ့်အခန်းထဲမှာပဲလုပ်လို့ရတယ်"

"လိုက်သွားမယ်နော်"

"အင်းအင်းလိုက်သွား ဟိုးမှာတ​ကားဆူမနေကြနဲ့အုံးနော်"

"ဟုတ်"

မှုံနသာနှင့်ကလေးတစ်သိုက်ထွက်သွားချိန် အလိမ္မာအပေါ်ထပ်သို့တက် အမရာ၏အခန်းထဲသို့ဝင်ကာ သူမ၏ဝမ်းဗိုက်လေးအားပွတ်သပ်ပေးနေ၏

"ဗိုက်အောင့်နေချိန်ဒီလိုမျိူးဗိုက်ကလေးကိုပွတ်ပေးရတယ်လို့ဖေဖေပြောဖူးတယ် သက်သာလားစီနီယာ"

အမရာအိပ်ပျော်နေသည်ကို အလိမ္မာသိ၍ သို့သော်သူမတစ်ယောက်ထဲစကားများတစ်ခွန်းပြီးတစ်ခွန်းပြောနေသည်။

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGOnde histórias criam vida. Descubra agora