ခတ်တာဆုံးပြီးသည့်အချိန်မှစ အမရာ ကျောင်းအားမရောက်ဖြစ်တော့ပါ...သူမမျက်ဝန်းထဲ ကျောင်းအတွင်းလှုပ်ရှားခဲ့ဖူးသောခတ်တာနှင့်မိမိ၏ပုံရိပ်များပြန်လည်မြင်ယောင်မိနေ၏။သူမ မရှိတော့သည့်အချိန်ကစ အမရာအပြင်ပိုင်းအသွင်အပြင်များသာပြောင်းလဲသွားသော်လည်း..အမရာ ၏နှလုံးသားလေးခုချိန်ထိ ခတ်တာ အကြောင်းတွေးလိုက်လျှင် ယခုချိန်ထိသူမ၏မြန်ဆန်လာသောရင်ခုန်သံမှာအရင်အတိုင်းမပြောင်းလဲချေ...အမရာ မျက်ရည်လေးအနည်းငယ်ဝဲလာတော့သည်။
Ring Ring
အမရာဖုန်းကိုင်လိုက်၏"ဟဲလို...မမလေးလား...ဟို..စိုက်ခင်းတွေဘက်မှာပြဿနာနည်းနည်းတတ်နေလို့ပါ"
"ဘာဖြစ်တာလဲ "
"ခု ဆိုန တို့ဝယ်ထားတဲ့အပိုင်းကိုမျိူးစေ့ချဖို့လုပ်နေတာကို အဲ့ဒေသမှာရှိတဲ့လူတစ်စုက ဘယ်စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ငါတို့ခွင့်မပြုရင်ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးပြဿနာရှာနေပါတယ် မမလေး"
"လိပ်စာပို့လိုက် ပြီးရင် ပိုက်ဆံနည်းနည်းယူပြီးလိုက်ခဲ့...အမရာ အရင်သွားနှင့်လိုက်မယ်"
"ဟုတ်မမလေး"
ဆိုန ပို့သောလိပ်စာအတိုင်း အမရာ ကားမောင်းသွားတော့သည်။..မြို့နှင့်အနည်းငယ်အလှမ်းဝေးသော မြို့ပြင်မှဒေသတစ်ခုဖြစ်၏...အမရာ မိမိတို့ Hope company ဆိုင်းဘုတ် အားတွေ့မြင်လိုက်သော မြေနေရာတစ်ခုဆီမောင်းသွား၏..ထိုမြေကွက်နားတွင်အလုပ်သမားအချို့မှာကြောက်ကြောက်လန့်လန့်ထိုင်နေပြီး...သူတို့၏အရှေ့တွင် တုတ်များကိုင်ကာထိုင်နေသောလူငါးယောက်...
အမရာ မိမိဝတ်ထားသောလက်ရှည်အကျီအားချွတ်ပြီး ပေါ့ပေါ့ပါးပါး လက်ပြတ်တစ်ထည်ဝတ်ပြီးကားပေါ်မှဆင်းလာ၏
"ဝေ့"
ထိုလူငါးယောက်အမရာအားကြည့်ပြီး
"ဟေ့..ခလေးမဒီနေရာကမင်းနဲ့မဆိုင်ဘူးအခြားနေရာသွားနေ"
"ခင်ဗျားတို့လား အမရာ အလုပ်သမားတွေကိုပြဿနာရှာနေတာ"
"မင်းအလုပ်သမားတွေဆိုတော့ မင်းလေးက boss လေးပေါ့"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်