ဦးမြတ်လွင်တစ်ယောက် company ရုံးခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေ၏။အခန်းတံခါးအားခေါက်ကာ ဆည်းဆာ ရုံးခန်းတွင်းသို့ဝင်လာသည်။
"ဒယ်ဒီ"
ဦးမြတ်လွင် ဆည်းဆာ အားစကားတစ်ခွန်းမျှမတုံ့ပြန် ဆည်းဆာ ဖခင်၏ရှေ့တွင် ဒူးနှစ်ချောင်းထောက်ကာ
"သမီးရဲ့ဆုံးဖြတ်ချက်တွေကိုသမီးမပြင်ပေးနိုင်ပါဘူးဒယ်ဒီ သမီးခုပျော်နေရတယ် မမှုံနဲ့သမီးတို့နှစ်ယောက်လုံး တကယ်ပျော်ရွှင်ရတယ် သမီးတို့ကအရွယ်ရောက်ပြီးသားလူတွေပါဒယ်ဒီ သမီးတို့မှာရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်တွေရှိပါတယ် လောကဓံကိုသမီးမကြောက်ဘူးဒယ်ဒီ သမီးသူ့ကိုဆုံးရှူံးရမှာတော့ကြောက်တယ် ဒယ်ဒီစည်းစိမ်တွေသမီးမမက်မောပါဘူး သမီးကိုယ်ပိုင်အစွမ်းအစနဲ့သမီးစီးပွားရှာနိုင်အောင်ကြိုးစားမှာပါ"
"ဒယ်ဒီ့ကိုမသနားဘူးလားသမီး"
"ဒယ်ဒီအပေါ်မှာသမီးတစ်ခါမှစိတ်ဒုက္ခရောက်အောင်မလုပ်ခဲ့ဘူးဆိုတာ ဒယ်ဒီအသိဆုံးပါ "
"ဒယ်ဒီဘဝမှာလည်းဒီသမီးလေးတစ်ယောက်ထဲရှိတာလေ"
"သမီး မမှုံကိုမစွန့်လွှတ်နိုင်ဘူးဒယ်ဒီ တစ်ယူသန်လူကြီးတွေကြောင့်ပတ်ဝန်းကျင်ကြောင့်တော့ သမီးမမှုံနဲ့မခွဲချင်ဘူး အဓိကသမီးတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေပဲဒယ်ဒီ"
"ဆည်းဆာသမီးရှေ့ဆက်တိုးမယ်ဆိုအမွေဖြတ်မှာနော်"
ဆည်းဆာ မတ်တပ်ထရပ်လိုက်သည်။သူမ၏လက်နှစ်ဖက်အားကျစ်ကျစ်ပါအောင်ဆုတ်ထားလျက်
"သမီးဆုံးဖြတ်ချက်အတွက်သမီးနောင်တမရပါဘူးဒယ်ဒီ...ဒယ်ဒီကြိုက်သလိုစီမံပါ"
ဖခင်အားကျောပေးကာ သူမထိုရုံးခန်းတွင်းမှပြန်ထွက်လာခဲ့ချိန် မျက်ဝန်းမှမျက်ရည်လေးများအနည်းငယ်ကျလာ၏။သူမ၏မျက်ရည်များအားသုတ်ကာ ခေါင်းမော့ရင်းထိုcompanyမှထွက်လာခဲ့သည်။
~~~~~~~
Hope Company တွင်
"ဒါဆို နှစ်ပတ်လည်ပွဲကို company ရဲ့ခမ်းမမှာပဲလုပ်ဖို့စီစဥ်လိုက်တော့မယ်နော် "
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်