"ရောက်လာပြီလားမခွန်းစာရွက်စာတမ်းတွေရော"
"အကုန်ပါပါတယ်အမရာဟိုပြီးတော့စာချုပ်အသစ်တွေလည်းယူလာတယ်"
"ဟုတ်...ဒါဆို မခွန်းနားလိုက်အုံးလေ"
"ရပါတယ်မခွန်းမပင်ပန်းပါဘူးလေယာဥ်စီးလာရတာကို"
မြန်မာ့လေကြောင်းလိုင်းဖြင့် နေ့လည်၁၂နာရီအချိန်တွင် ခွန်းချိုခငပလီသို့ရောက်လာ၏..
"ဟုတ်မမလေးအဲ့ဒါတွေကိုစိတ်ချပါ"
"အမရာလည်းနောက်နှစ်ရက်လောက်ဆိုပြန်လာမှာပါ"
"မမလေးအပန်းဖြေခရီးကိုအေးဆေးအနားယူပါအလုပ်ကိစ္စတွေကိုဆိုနအစွမ်းကုန်ဦးဆောင်ပေးမှာပါ"
"အမရာပြန်လာမှပဲဘောနပ်စ်ပေးတော့မယ်ဒါဆိုလည်း"
"ဟုတ်ကျေးဇူးပါ "
နေ့လည်စာစားသောက်ပြီးသော ယနေ့ညမီးပုံပွဲတွင်စားသောက်ရန် စားဖွယ်စုံအား မှုံနသာတို့သွားဝယ်ကြ၏...အမရာတစ်ယောက်မှာတော့မိမိ၏စာချုပ်စာတမ်းများနှင့်သာအလုပ်ရူပ်နေရှာလေတော့သည်...စာချုပ်များဖတ်နေရင်း သူမ၏လက်ကလေးခွက်တစ်ခုအားဆွဲကိုင်ပုံရသည့်လက်ဟန်ဖြင့်ဘေးသို့လှမ်းလိုက်၏...သို့သော်ထိုနေရာတွင်မည်သည့်ခွက်မျှမရှိ....အမရာသူမသတိမထားမိခဲ့ချေ...သူမအကျင့်ဖြစ်ရှာနေလေပြီ...အိမ်တွင်စာချုပ်စာတမ်းများဖတ်ချိန်တိုင်းအလုပ်များလုပ်တိုင် အလိမ္မာသူမအတွက်အစဥ်အမြဲစားပွဲလေးပေါ်တွင် လိမ္မော်ရည်ဖျော်ရည်လေးအဆင်သင့်ဖျော်ပေးထားတတ်သည်...
အမရာမိမိ၏ဖုန်းအားယူကာ...အလိမ္မာအားဖုန်းဆက်ခေါ်ရန်အပြင်....အလိမ္မာတွင်ဖုန်းမရှိသည်အားသူမသတိရသွား၏..
ကလင်...ကလင်...ကလင်...
"ဘာလည်း"
"အလိမ္မာကိုပြောလိုက်ငါ့ကိုဖျော်ရည်တစ်ခွက်ဖျော်လာပေးလို့"
"ဟဲ့.ငါတို့ကအပြင်ရောက်နေတာလေ"
"နင်တို့ကဘယ်အပြင်ကိုသွား"
"ဟာ..မနက်ကနင့်ကိုပြောတယ်လေငါတို့မီးပုံပွဲမှာစားရအောင်မုန့်တွေထွက်ဝယ်မယ်လို့နင်ပဲသွားဆို"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်