She. Her👸👰ep36

4.9K 333 29
                                    

တစ်ပတ်တိတိကြာမြင်ခဲ့လေပြီ။အလိမ္မာ၏သတင်းအစအနလုံးဝမရခဲ့ကြပေ။အမရာတောင်ကြီးမှမီးလောင်သောစိုက်ခင်းအား ဆိုနအားသွားရောက်ဖြေရှင်းစေခဲ့သည်။အမရာတစ်ယောက်သိသိသာသာ ပိန်ကျသွား၏။

"ဒါတွေကနင့်ကြောင့်ဖြစ်တာ နင်ခုလိုဖြစ်ပျက်နေပြလည်းငါနင့်ကိုမသနားဘူးအေဒါပေမဲ့အစားတော့စား အမရာနင်အလိမ္မာခံစားခဲ့ရတာတွေပြန်ခံစားရအုံးမှာ သေလိုမရသေဘူးအစာစား"

မှန်၏။အမရာတစ်ယောက် အစားကောင်းကောင်းမစားသည်မှာအလိမ္မာထွက်သွားသည့်အချိန်ထဲကပင်ဖြစ်သည်။ရှန်ပိန်များသာနေ့ရောညပါသောက်တတ်လာလေပြီ။အလုပ်လည်းသိပ်မသွားတော့ပေ။မှုံနံသာနှင့်ကလေးများအိမ်ပြန်လာနေကြသည်။

"အစာစားပါ မမအမရာရယ် သမီးမမကမမအမရာအစာမစားသိရင် စိတ်ကောင်းမှာမဟုတ်ဘူး"

"ကျေးကျေးနင်ကမမအလိမ္မာရဲ့ညီမအရင်းနော် ငါ့မမကိုသွားသနားမနေနဲ့ ငါတောင်မသနားဘူး သူ့အပြစ်နဲ့သူခံပါစေ"

"နင်တို့နှစ်ယောက်လုံးတော်ကြတော့ လူကြီးတွေသူတို့ဘာသာဖြေရှင်းကြလိမ့်မယ် ဒါပေမဲ့ခုချိန်မှာအစားစာဖို့လိုတယ်"

"ငါcctvကို ကိုလွင်တို့ဆီပို့လိုက်တယ် သူတို့လည်းရဲစခန်းကိုအကြောင်းကြားထားကြတယ် ကိုလွင်ရဲ့လူယုံတစ်ယောက်ကလည်းစုံစမ်းနေတယ်တဲ့"

"ရဲတွေကိုအားကိုးနေရင်တော့ငါတို့သေတဲ့ပထိတောင်အဖြေပေါ်မှာမဟုတ်ဘူး ခတ်တာသေတဲ့အမှုတောင်ခုထိမပေါ်တာ ကိုယ့်အားကိုကိုးပြီးရှာတာကမှတွေ့အုံးမယ်"

"ငါလည်းတတ်နိုင်တဲ့ဘက်ကရှာနေပါတယ်ဟ စကားများမနေနဲ့ ခေါက်ဆွဲကုန်အောင်စားနင်အားရှိနေမှ အလိမ္မာကိုပြန်တွေ့ရင်နင့်ကိုငါကိုယ်တိုင်ရိုက်မှာ လူလိမ်မာကိုအိမ်ပေါ်ကနှင်ချတဲ့အမိုက်မဆိုပြီး"

ညစာ ခေါက်ဆွဲလေးကုန်အောင်အမရာစားပြီး အပေါ်ထပ်တက်သွားတော့သည်။

"အခန်းထဲမှာမိုးမွှန်အောင်သောက်မနေနဲ့အုံးနော်"

မှုံနသာလှမ်းအော်ကာသတိပေးလိုက်သည်။

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGWhere stories live. Discover now