မှုံနသာတို့ဘက်မှ တစ်ခါသုံးရေခွက်များအသုံးပြုပြီး အမရာ နှင့် အလိမ္မာ တို့နှစ်ဦးအားအပြိုင်အဆိုင်ပက်ကြသည်...
မှုံနသာတို့ဘက်မှ minzy အရင်ချမ်းလာ၍ပြိုင်ပွဲမှထွက်လိုက်၏"ကြိုးစားထား ဟိုမှာအလိမ္မာနည်းနည်းချမ်းနေပြီ မမှုံတို့နိုင်တော့မှာ"
အလိမ္မာတစ်ယောက်ချမ်းလာသည်ကို ဟန်မဆောင်နိုင်တော့ပေ...သူမနူတ်ခမ်းများတုန်ရီလာ၏...
"ဟေး.....အလိမ္မာတုန်သွားတာတွေ့လိုက်ပြီ..ငါတို့အနိုင်ရေး....."
မှုံနသာတို့အနိုင်ရရှိသွားလေပြီ...အနိုင်အရှူံးထက် အမရာအတွင် ကလေးများ၏ပျော်ရွှင်နေသောမျက်နှာလေးများကိုသာ သူမလိိုလိုချင်ချင်ရှိနေခဲ့သည်။
"အဝတ်အစားတွေလဲကြအုံးနေကဝင်နေပြီဖျားကုန်မယ်"
"ဟုတ်..မမမှုံ"
ကားထဲတွင် တစ်ဦးစနှစ်ဦးစ အဝတ်များလဲကြ၏..
"မမှုံ အလိမ္မာ အဝတ်တွေပါမလားဘူးထင်တယ်"
"ပါပါတယ် အလိမ္မာရဲ့ ဒီမှာလေ"
မိုးပြာရောင်ဂါဝန်ရှည်လေးတစ်ထည်အား မှုံနသာထုတ်ပေးလိုက်၏
အလိမ္မာ အမရာ၏အိမ်တွင်စနေခဲ့သည့်အချိန်မှစ ဂါဝန်များလုံးဝမဝတ်ခဲ့....သူမ၏ဗီရိုထဲတွင်သာသိမ်းထားခဲ့သည်...မှုံနသာများသတိမထားမိ၍ဂါဝန်အားယူလာခဲ့လေသလား...."ရော့လေ...လဲဝတ်...လူကတုန်နေပြီဖျားမယ်"
သူမဘာမှမတတ်နိုင်တော့ပါ...ဂါဝန်မှအခြားဝတ်စရာမရှိတော့ပေ...အမရာ ပေါ့ပေါ့အားအားတီရှပ်တစ်ထည်နှင့်ဘောင်းဘီတိုအနက်ရောင်လေးဝတ်ဆင်ထား၏...
"ဟယ်...အလိမ္မာက ဂါဝန်လေးနဲ့လိုက်ဖက်လိုက်တာချစ်စရာလေး"
မှုံနသာ၏အသံပင်ဖြစ်သည်။မိန်းမလေးသဘာဝလှချင်ပချင်၏...အခြားသူချီးမွှမ်းသည်ကိုလိုလား၏..ရှက်သွေးလေးဖြာကာ အလိမ္မာ၏ပါးလေးများနီမြန်းလာလေပြီ...သူမအား ယခုကဲ့သို့ချီးမွှန်းပေးသောတစ်စိမ်းဟု၍ သိပ်မရှိခဲ့ပါ...မှုံနသာ၏စကားလေးအားကြားရသော အလိမ္မာ စိတ်ထဲတွင် သူမအနည်းငယ်ပီတိကလေးဖြစ်သွားသည်...
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်