She. Her 👰👸ep2

6.1K 372 0
                                    


မြို့လယ်ခေါင်တွင်ခမ်းနားလှပြီးboss များသာနေသော ဝန်းကြီးထဲ လှပကြီးကျယ်လွန်းသော အိမ်ကြီးသို့ အမရာ ဝင်သွား၏။
အိမ်တံခါးတွင်တပ်စင်ထားသော လျှို့ဝှက်နံပါတ် အားလည်းသိသဖြင့် မိမိဘာသာဖွင့်ပြီးဝင်သွားသည်။

"ခတ်တာ..."

လက်ထဲတွင်ကိတ်မုန့်သေးသေးလေးတစ်ခုကိုင်ကာ ခတ်တာ၏ အခန်းထဲတံခါးဖွင့်ပြီးဝင်လာ၏..ကိတ်မုန့်အားစားပွဲပေါ်ချလိုက်ကာ

"ခတ်တာ.. စမနေနဲ့ကွာထွက်လာခဲ့"

အမရာ ၏နောက်မှ

"ကိုကိုး"

ဟုခေါ်ပြီးကျောပိုးသို့ပြေးတပ်လိုက်သည်။အမရာ လည်းချက်ချင်းလက်နှစ်ဖက်အားနောက်ပစ်လိုက်ပြီး ခတ်တာ အမရာ ကျောပေါ်တွင်ကျောပိုးပြီးသားဖြစ်သွား၏

"အဲ့လိုမလုပ်ပါနဲ့ဆို မတော်တဆ ဖမ်းမမိရင်လို့ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ"

အမရာ ခတ်တာအားအနည်းငယ်ဆူလိုက်သော မျက်နှာလေးမှာခပ်ဆူပုတ်ပုတ်နှင့်

"ကိုကိုးကအဲ့တာပဲအမြဲဆူဖို့ပဲစဥ်းစားနေ ဘာမှန်းမသိဘူး"

"ချစ်လို့ပြောတာပါ ဟောဒီက တစ်ယောက်ထဲရှိတဲ့အသည်းနှလုံးလေးတစ်ခုခုဖြစ်သွားမှာစိုးလို့ပေါ့"

ခတ်တာ၏ပါးကလေးအားလက်ဖြင့်ညစ်ကာ ပြောလိုက်သည်။

"ကိတ်လေးကချစ်စရာလေး"

"ခတ်တာလေးကြိုက်တဲ့ နို့ချောကလက်အရသာနဲ့ဝယ်လာတာ"

ခတ်တာ ကိတ်မုန့်အားလက်နှင့်တို့လိုက်၏..

"လက်ကြီးနဲ့မလုပ်နဲ့လေကွာ..ကိုကိုး ဇွန်းသွားယူခဲ့ပေးမယ်.."

မိမိအိမ်မဟုတ်သော်လည်းအရာရာတိုင်းမှာ အမရာ နှင့်ရင်းနှီးနေသောကြောင့် ဘယ်နားဘာပစ္စည်းထားမှန်း အမရာ သိ၏..

ဆိုဖာပေါ်တွင်ထိုင်နေသော အမရာ ၏ရင်ခွင်ထဲ ခတ်တာ လှဲနေရင်းမိမိစားနေသောကိတ်မုန့်အား အမရာ ကိုလည်းခွံကျွေးရင်း

"ကိုကိုး..ဒီနေ့အိမ်မပြန်နဲ့တော့ ဒီမှာပဲအိပ်တော့...ဒယ်ဒီကဘယ်အချိန်မှပြန်လာမယ်မှန်းမသိဘူး..ပြီးတော့ပြန်လာချင်မှပြန်လာမှာ"

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGTempat cerita menjadi hidup. Temukan sekarang