"ငါထည့်ခိုင်းထားတဲ့အဝတ်တွေထည့်ပြီးပြီလား..""ဟုတ် ထည့်ပြီးပါပြီစီနီယာ"
"ပြီးရော ငါနယ်ကိုနှစ်ညအိပ်ခရီးခဏသွားမှာ ပိုက်ဆံငါးသိန်းပေးခဲ့မယ်. နင်သုံးဖြုန်းဖို့မဟုတ်ဘူးနော်..ကလေးတွေအတွက်"
"ဟုတ်.စီနီယာ"
"ငါမရှိတုန်း ဒေါ်မူယာအိမ်ပြန်လာခဲ့ရင် ငါ့ကိုလှမ်းဖုန်းတက်လိုက်"
"ဟုတ်..စီနီယာ"
ခြံတံခါးအားဖြတ်ကျော်မောင်းလာသော တက္ကစီတစ်စီးအိမ်ခြံဝန်းထဲသို့ ဝင်လာ၏.
ပေါ့ပေါ့ပါးပါး ခရမ်းပြာရောင်ဂါဝန်လေးဝတ်ဆင်ထားပြီး ခါးလောက်ရှည်လျားသောဆံနွယ်လေးအား ပခုံးပေါ်တွင်ချထား၏သူမ၏အရပ်အမောင်းသူမ၏ဝတ်စားဆင်ယင်မှုသူမ၏ပုံ....အမှန်ဧကန်ခတ်တာနှင့်ဆင်တူလွန်းလှသည်။"မခွန်းချိူခရောက်လာပြီထင်တယ်...ခရီးဆောင်အိတ်ကိုအောက်သယ်လာခဲ့"
"ဟုတ်..စီနီယာ"
မိန်းမသားတစ်ယောက်အနေနှင့်မလုပ်နိုင်မသယ်နိုင်ဟုတွေးထင်ကောင်းထင်ကြလိမ့်မည်..သို့သော် အလိမ္မာ ထိုခရီးဆောင်အိတ်အားအသာအယာမလိုက်၏...သူမထိုကဲ့သို့လေးလံသောအရာများအား ဖခင်ကြီးစီးပွားရေးပြိုလဲချိန်တွင်လည်းကောင်း အမရာအိမ်ရောက်စတွင်လည်းကောင်း သူမသယ်ပိုးခဲ့ရဖူးသောကြောင့် ထိုအရာသည် အလိမ္မာအတွက်သာမာန်အလေးအပင့်သာဖြစ်သည်။
"မခွန်းချိုခတောင်ရောက်လာပြီလား"
"ဟုတ်..အမရာ မခွန်းတို့ဘယ်အချိန်သွားကြမှာလည်း"
"ခုသွားကြမယ်လေ အမရာလည်းအဆင်သင့်ဖြစ်ပါပြီ ဒါနဲ့ဘာစားလာခဲ့လဲ"
"မခွန်းဘာမှမစားလာရသေးဘူး"
"ဪ..ဟုတ်လား..ကားစီးရမှဆိုတော့တစ်ခုခုစားပေါ့..ထမင်းကြော်ဆိုရင်ရောအဆင်ပြေလား"
"ရပါတယ်မခွန်းကဂျီးမများတတ်ပါဘူး"
ခရီးဆောင်အိတ်အားကားနောက်ခန်းထဲသို့ထည့်လိုက်သည်..သူမ၏လက်ကလေးမှာသိသိသာသာတော့နီမြန်းနေ၏...
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်