"သက်သာရဲ့လား မမ"
"သက်သာပါတယ် ဒီနေ့တော့ မမတို့ညစာအပြင်ကပဲမှာစားကြရတော့မယ်ထင်တယ်"
"minzyတို့ကဂျေးမများပါဘူးမမရယ်အကုန်စားတယ် မမသာသက်သာအောင်နေ...ဟင်....အဲ့လိုမှန်းသိရင်မနက်ကသုံးယောက်လုံးကျောင်းစောစောမသွားပါဘူး"
"အဲ့လိုမတွေးပါနဲ့ "
"အလိမ္မာရေ မမှုံညစာအတွက်ဝယ်လာတယ်"
အိမ်ရှေ့တံခါးမကြီးမှဖြတ်လျှောက်လာကာလက်ထဲတွင်လည်းအထုတ်ကြီးအထုတ်ငယ်ကိုင်ထားရင်း မှုံနသာ အိမ်ထဲဝင်လာ၏
"ဟာ..မမှုံစားစရာတွေလည်းအများကြီးဝယ်လာပါလား"
"ဟော့ဒီကမမှုံညီမလေးတွေကစာမေးပွဲနီးပြီဆိုတော့အားရှိအောင်နေရမယ်လေ..အလိမ္မာကိုလည်းအရမ်းစိတ်ပူမနေနဲ့ဒီနှစ်ရက်လုံးမမှုံဒီမှာနေမှာ"
"တကယ်လားမမှုံ"
"တကယ်ပေါ့ကျေးကျေးရဲ့..ကယ်ဗိုက်ဆာနေကြရောပေါ့...စားစရာတွေသွားထည့်ကြရအောင်"
အလိမ္မာအိမ်ရှေ့ဆိုဖာပေါ်တွင်ထိုင်ကျန်နေခဲ့၏...ကျေးကျေး minzy ဆည်းဆာ တို့ မှုံနသာအားစားစရာများကူထည့်ပေးနေကြသည်
"အမရာဗိုက်ဆာနေပြီလား"
"မဆာသေးပါဘူး"
"ထမင်းဟင်းတွေကိုခြံစောင့်ဦးလေးကြီးလာပို့ထားတယ်..မခွန်းထမင်းစားပွဲပေါ်ပြင်ထားပေးတယ်"
"မခွန်းဆာရင်စားနှင့်လေ"
"မခွန်းကမစားသေးပါဘူး.."
ညအချိန်၇နာရီဝန်းကျင်..မိမိအခန်းထဲဆိုနပြင်ဆင်ပေးလိုက်သော စာရွက်စာတမ်းများဝန်ထမ်းဇယားများလုပ်အားခရှင်းငွေများအားစစ်ဆေးနေ၏
မိမိဝမ်းမှအနည်းငယ်ဆာလောင်လာသောကြောင့် အမရာမီးဖိုခန်းထဲရှိထမင်းစားတွင်ဝင်ထိုင်လိုက်ရင်းအုပ်စောင်းအားဖွင့်လိုက်၏ ထမင်းဟင်းများအဆင်သင့်..ကြက်သားဟင်း..ဝက်သားဟင်း..ငါးပိရည်တို့စရာ ဟင်းရည် အရွက်ကြော်အစုံအလင်ရှိလှ၏....
ထမင်းအုပ်ထဲမှထမင်းအနည်းအားဇွန်းနှင့်ခပ်ယူကာ မိမိထမင်းပန်းကန်ထဲသို့ထည့်ပြီး ငါးပိရည်လေးအနည်းငယ်နှင့်ထမင်းစားတော့သည်..
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်