6ရက်7လပိုင်း....ခတ်တာ လောကကြီးထဲမှထွက်သွားသောနေ့.....မိုးတွေဟာအရမ်းရွာနေခဲ့သည်။
ယခုတွင်လည်း မိုးတိမ်တိုက်များဟာ ဖြူလွင့်လွင့်အရောင်မှ ညိုမဲမဲတိမ်များအဖြစ်တစ်ဖြည်းဖြည်းပြောင်းလဲလာလေပြီ...အမရာ မနက်စောစောကပင် အပြင်ထွက်သွားခဲ့၏။သူမ ဘယ်ဆီသွားမှန်းဘယ်သူမှမသိချေ...ရုံးရှိအလုပ်များကို ဆိုန အားအပ်ထားခဲ့သည်။မိုးများစတင်ရွာချေပြီ.....အလိမ္မာ ထိုမိုးစက်များအားငေးရင် နူတ်ဖျားမှတဖွဖွ ခတ်တာ အားတောင်းပန်ကြောင်းပြောနေ၏။မှုံနသာသည် အမရာ အားဖုန်းများမကြာခဏခေါ်နေသောလည်း အမရာ ဖုန်းလုံးဝမကိုင်ပေ.....
Ring Ring
"ဟဲလို"
"အလိမ္မာ ရေ"
"ဟုတ် မမမှုံ"
"အမရာ ကိုဖုန်းလုံးဝဆက်လို့မရဘူးကွာ.ဘယ်များသွားလောက်မလည်းစဥ်းစားကြည့်ပါအုံး...မိုးတွေကအရမ်းရွာနေတာ တစ်ခုခုဖြစ်မှာစိုးတယ်"
"အလိမ္မာ ရုံးကိုလိုက်သွားလိုက်ရမလားမမမှုံ"
"မမဖုန်းဆက်ပြီးပြီ မနက်ထဲကမလာဘူးတဲ့"
minzy တို့ကျောင်းမှအိမ်သို့ပြန်ရောက်လေပြီ...မနက်ထဲကယခုချိန်ထိ အမရာ မည်သည့်နေရာတွင်ရှိနေနိုင်မှန်းစဥ်းစား၍မရပါ.
"မမအလိမ္မာ သမီးမေမေရော"
"အန်တီညကအိမ်ပြန်မလာဘူး minzy "
"ဟူး....မေမေတစ်ယောက်လည်းနေချင်သလိုနေနေပါလား ပိုက်ဆံတွေလည်းဘယ်လောက်တောင်ဖြုန်းနေမလည်းမသိဘူး"
"ကယ်ကယ်ရေချိူးပြီးခဏအနားယူကြ မမမှုံလာတော့မှာ"
"ဟုတ်ဟုတ်"
ညနေ၆နာရီ နေဝင်ရီသယော အချိန် မှုံနသာသည်အမရာ အိမ်သို့ရောက်လာ၏။
"မိုးတောင်ချုပ်တော့မယ် အလိမ္မာ ခုထိသူပြန်မရောက်သေးဘူး...မမ စိတ်ပူလိုက်တာကွာ...အမရာ တစ်ယောက်ဘယ်တွေသွားနေမှန်းမသိဘူး"
"အလိမ္မာ စီနီယာ ဘယ်မှာရှိနေနိုင်လဲဆိုတာစဥ်းစားမိပြီ မမမှုံ...ဟို ခလေးတွေကို မမမှုံနဲ့ခဏထားခဲ့မယ်လေနော်...အလိမ္မာ လိုက်သွားလိုက်မယ်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်