"သမီးလေး...မေမေ့သမီးလေး"
မိမိစွန့်ခွာခဲ့သည်မှာမှန်သောလည်း မိမိ၏ဝမ်းနှင်လွယ်ကိုးလသည်ဆယ်လတွင်ဖွားခဲ့ရသော မိမိ၏ရင်သွေး
"သမီးလေးနေကောင်းရဲ့လား သမီးလေးခုငပလီမှာဆို မေမေနဲ့မမကြီးတို့သမီးလေးတို့ကိုလာတွေ့မယ်လေ"
"သမီးတို့ရန်ကုန်ပြန်လာတော့မှာပါမေမေဒီကိုလိုက်လာမနေပါနဲ့..သမီးတို့ပြန်လာရင်တွေ့ရမှာပဲလေ"
မိမိအခန်းတွင်းသို့ ဝင်လာသည့် ကျေးကျေးအားအလိမ္မာလက်ယက်ကာ ခေါ်လိုက်၏
"ကျေးကျေး...မေမေနဲ့စကားပြောမလား မေမေနဲ့မမကြီးတို့လေ"
ကျေးကျေးတုံ့ပြန်မှုမရှိ...မိမိ၏မှတ်ဥာဏ်တွင် မိမိအားပစ်သွားသောမိခင်နှင့်အမကြီးသာဖြစ်၏
"ကျေးကျေး"
အလိမ္မာ ကျေးကျေးအားနောက်တစ်ကြိမ်ခေါ်လိုက်သည်...
"မမ"
"အင်း"
"ကျေးကျေးဘဝမှာဖေဖေရယ်မမရယ်ပဲရှိတယ်ကျန်တာဘယ်သူမှကျေးကျေးမသိချင်ဘူး"
ကလေးငယ်တစ်ဦး၏စိတ်ဒဏ်ရာအား အလိမ္မာနားလည်ပေးနိုင်သော်လည်း မိခင်အရင်းအားယခုကဲ့သို့ပြုမူပုံအားသဘောမတွေ့လှ
"သမီး ခုနကကျေးကျေးလေးအသံလား"
"ဟုတ် မေမေ"
"ကျေးကျေးလေးကမေမေနဲ့ဖုန်းမပြောချင်ဘူးထင်တယ်"
"ဟုတ်"
"ကလေးကိုတွန်းအားမပေးပါနဲ့သမီးရယ်မေမေနားလည်ပါတယ် မေမေကသမီးလေးတို့ကိုထားခဲ့တဲ့မိခင်တစ်ယောက်ပဲလေ"
စကားများအဆုံးသတ်ကာ ဒေါ်ရိုစီနှင့်ယဥ်ကျေးတို့အား ကိုလွင် hotelသို့လိုက်ပို့ပေး၏
အလိမ္မာ မှုံနသာအား မိမိ၏မိခင်သည်ဖုန်းဆက်ကြောင်း ကိုလွင်၏ဖုန်းနှင့်ဖြစ်ကြောင်း ဖြစ်ကြောင်းအစုံအားပြောပြသည်...တစ်ဖက်ရန်ကုန်တွင်လည်း ကိုလွင် ဒေါ်ရိုစီနှင့်ယဥ်ကျေးတို့အား အလိမ္မာဖြတ်သန်းခဲ့ရသည့်ဘဝ ယခုလက်ရှိနေထိုင်နေရသောဘဝ မိမိစုံစမ်းသိရှိရသမျှအားပြောပြ၏...
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်