She. Her👸👰ep25

3.8K 283 13
                                    

minzy တို့သုံးဦးစာမေးပွဲပြီးသည့်နေအထိ အမရာနေ့စဥ်လိုက်စောင့်ပေးခဲ့သည်...သူမ၏ရုံးအလုပ်များအားဆိုနနှင့်ခွန်းချိုခတို့နှစ်ဦးအစစအရာရာဦးဆောင်လုပ်ကိုင်စေ၏....အလိမ္မာအားတစ်ရက်သာခေါ်သွားခဲ့ပြီးနောက်နေ့များအိမ်တွင်သာနေခဲ့ခိုင်းသည်...

minzy တို့စာမေးပွဲပြီးသော အမရာကတိအတိုင်းငပလီသို့ပို့ပေးရန်ပြင်ဆင်၏..

  "ကားနဲ့သွားမှာလား "

"မှုံရယ်လေယာဥ်နဲ့သွားမှာပေါ့ကားနဲ့ကကြာတယ်"

  "ကားနဲ့ကပိုပြီးပျော်စရာကောင်းမလားလို့လေ"

  "အဝေးကြီးဟချောင်းသာလိုထင်မနေနဲ့"

  "အင်းပါ...ဒါနဲ့ကလေးတွေအထုတ်တွေစုံပြီးလား.."

  "ဟုတ်..စုံပြီမမှုံ"

မြန်မာ့လေကြောင်းဖြင့် အမရာတို့ငပလီအား၄၅မိနစ်ခန့်ခရီးနှင့်ပြီးသော ငပလီကမ်းခြေသို့ရောက်ရှိလာခဲ့ကြသည်..

ကလင်...ကလင်....

  "အင်း..Ken ပြော"

"ဟိုတစ်ခါ bro ပြောထားတဲ့ကိစ္စစုံစမ်းပြီးပြီ"

"ဟုတ်လား"

  "အင်း..."

Ken အမရာနှင့်အလိမ္မာတို့နှစ်ဦးကြားဖြစ်ပျက်ခဲ့သည်များအား ကိုလွင်ထံစေ့စေ့ပေါက်ပေါက်ပြောပြသည်...

  "ပြီးတော့..ခုအဲ့သေသွားတဲ့ကောင်မလေးနဲ့ရုပ်ခြင်းဆင်တဲ့အမျိူးသမီးတစ်ယောက်က Hope မှာရှိနေတယ်"

  "ဟုတ်လား အကို့ကို ပုံပို့လိုက်နော်"

  "Ok bro"

Ken. ..ကိုလွင်ထံသို့ ခတ်တာ၏ကျောင်းသူဘဝတွင်ရိုက်ခဲ့သောပုံလေးပို့ပေးလိုက်သည်.

  "အင်း..ဒါငါဟိုတစ်ခါကယ်လိုက်တဲ့ကောင်မလေးနဲ့တူလိုက်တာ...ဒါဆို အမရာကအလိမ္မာ့ကိုမုန်းပြီးနှိပ်စက်နေတာပေါ့.."

ထိုခဏလေးအတွင်း ကိုလွင်ထံသို့ဖုန်းဝင်လာ၏...

  "အင်း Ken ပြော"

"ဟို အမရာတို့ဒီနေ့ငပလီကိုအပျော်ခရီးထွက်သွားတယ်bro"

  "အလိမ္မာရောပါသွားတာလား"

𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZGWhere stories live. Discover now