ပြာလဲ့လဲ့ကောင်းကင်ကြီး မို့မို့မှိုင်းကာမဲမှောင်နေလေပြီ...လေနုအေးအေးလေးတဖျက်ဖျက်နှင့်အရှေ့တောင်အရပ်မှတိုက်ခတ်လာလေပြီ..မိုးစက်ပွင့်လေးများတဖျောက်ဖျောက်နှင့်မြေပြင်ပေါ်သို့တစ်စက်တစ်စက်ကျလာလေပြီကော.....
"ကျောင်းဆင်းချိန်ကြီးကိုနော် မိုးကလည်း"
"ဟုတ်ပါ့ ခတ်ရာ ရယ် "
ယနေ့အထက်တန်းများအားအချိန်ပိုခေါ်ထားသောနေ့ဖြစ်သည်...ကျေးကျေး အား minzy နှင့် ဆည်းဆာ ခေါ်သွားကြ၏...
ညနေလေးနာရီခန့်ထိ မိုးမတိတ်သေးသည့်အပြင်ပိုပိုသည်းလာလေသည်။
ခတ်ရာ...အလိမ္မာ အားခေါ်ကာ အမရာ စာသင်ခန်းဖက်သို့သွား၏...အမရာ တို့အားစာသင်နေစဲဖြစ်၏ အမရာ ခတ်တာ စောင့်နေရမည်ဆိုး၍အဖော်ရှိတယ်မှတ်လား ပြန်နှင့်လိုက်နော်
စာအုပ်တွင်ရေးကာထောင်ပြလိုက်သည်။ခတ်တာ လည်း အလိမ္မာ နှင့်တူတူကျောင်းဝင်းထဲမှထွက်လာ၍ မိုးများသည်းနေသောကြောင့် အလိမ္မာ စက်ဘီးစီး၍မရပါ...ခတ်တာ..အလိမ္မာ ၏စက်ဘီးအားကျောင်းတွင်ခဏထားခဲ့စေပြီး
"ငါတို့ ဟိုဘက်လမ်းမှာ အသစ်ဖွင့်ထားတဲ့ကိုရီးယားဆိုင်မှာမုန့်သွားစားရအောင်လေ..မိုးလည်းအရမ်းသည်းနေတာကို နင်လည်းစက်ဘီးနုင်းလို့မှမရတာကိုနော်နော်"
"အင်းအင်း"
ကျောင်းမှငါးမိနစ်ခန့်လမ်းလျှောက်ပြီးတစ်ဖက်လမ်းကူးလျှင်ထိုကိုရီးယားဆိုင်သို့ရောက်၏..လမ်းလျှောက်နေရင်းမိုးမှာအနည်းငယ်တော့တိတ်သွားခဲ့သည်။သို့သော်လည်းပတ်ဝန်းကျင်အားထင်ထင်ရှားရှားသိပ်မမြင်ရသေးပါ..ခတ်တာ နှင့် အလိမ္မာ လမ်းတစ်ဖက်ကူးရန် ကားရှင်းချိန်ကိုစောင့်နေ၏..ကားရှင်းသော အလိမ္မာ ရှေ့မှကူး၏
"လာလေ ခတ်ရာ ကားရှင်းနေပြီ"
မိုးကြောင့်ကားသမားတော်တော်များများကားရှေ့မီးထွန်းကြ၏..သို့သောခက်လှမ်းလှမ်းမှအရှိန်ကောင်းကောင်းနှင့်လာနေသော ကားတစ်စီးမှမီးမဖွင့်ထားပါ..မိမိရှေ့တွင်မတ်တပ်ရပ်ကာမိမိအားလှမ်းခေါ်နေသော အလိမ္မာ ဆီသို့တည့်တည့်မောင်းလာနေသည်
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်