သာယာလှသောညအချိန် ငပလီကမ်းခြေရှိ A စားသောက်ဆိုင်တွင်...
"ဟာ..ရောက်နေကြပြီလားဆောရီးနော်အကိုအလုပ်ကိစ္စနဲ့နည်းနည်းနောက်ကျသွားတယ်"
ကိုလွင် မှုံနသာတို့ဝိုင်းဖွဲ့ထိုင်နေသောစားပွဲအနားသို့လမ်းလျှောက်လာရင်း မှုံ၏ဘေးတွင်ထိုင်နေသော အလိမ္မာအားငေးကြည့်မိလိုက်သည်..
ဒုန်း....
ကိုလွင်ရှေ့တွင်ချထားသော ခုံအားဝင်တိုက်မိလေသည်..
"အကိုရယ်ဘာတွေအဲ့လောက်ငေးနေလို့ရှေ့ကခုံတောင်မမြင်ရတာလည်း"
"အလိမ္မာအရင်ကဒီလိုမျိူးဝတ်နေကြလား"
"ဪ...မဝတ်ဘူးအကိုရေဒါမှုံဆင်ပေးထားတာလေးလှလား"
"အင်းလှတယ်"
"အလိမ္မာကျေးဇူးတင်ပါတယ်ပြန်ပြောလိုက်လေ"
"စကားအပိုတွေပြောမနေနဲ့စားစရာတွေမှာတော့..ကလေးတွေဗိုက်ဆာနေပြီ"
"သိပါတယ် စိတ်မရှည်သလိုလိုဘာလိုလိုနဲ့ဟွန့်"
စားပွဲခုံနှစ်ခုံအားဆက်ထားသော ထိုစားပွဲပေါ်တွင်ဟင်းပွဲများရခိုင်စာများပင်လယ်စားများအစုံအလင်ဖြင့်ပြည့်နှက်သွား၏
"ကယ်စားကြ minzy အရမ်းမစားနဲ့နော်ဗိုက်အောင့်မယ်"
"ဟုတ်"
ကိုလွင်တစ်ယောက် အလိမ္မာထံအပါးမှမျက်လုံးမခွာနိုင်ချေ.....
"အလိမ္မာကသိပ်မစားသလိုပဲနော်"
"စားပါတယ်အကိုအလိမ္မာအရမ်းမစားနိုင်လို့ပါ"
"ဒါတွေမကြိုက်လို့လား.. ဘာစားချင်လည်းအကိုထက်မှာပေးမယ်လေ"
"ဟိုရပါတယ်အကို အလိမ္မာမစားတော့ပါဘူး"
"အကိုကဘက်လိုက်တယ်နော်...အလိမ္မာကိုကျတော့ဘာစားအုံးမလည်းတဲ့ဟော့ဒီကမှုံနဲ့ကလေးတွေလည်းစားတတ်ပါတယ်"
"ဟားဟားဟားအဲ့လိုမဟုတ်ပါဘူးညီမရယ်ညီမတို့ဘာမှာချင်လည်းမှာလိုက်လေ"
"စတာပါအကိုရယ်ဒါတောင်မနည်းကုန်အောင်စားရမှာ"
"အလိမ္မာငါပုဇွန်စားချင်တယ်"
YOU ARE READING
𝚂𝚑𝚎 & 𝙷𝚎𝚛👸👰(completed) Uni+ZG
Romance..တကယ်တော့သိပ်ချစ်လာတဲ့အခါ အမရာ မျက်လုံးထဲမှာ အရာရာဟာငယ်လေးရဲ့ပုံရိပ်တွေပဲဖြစ်လာခဲ့တယ်