Chapter(3.2)

3.5K 598 9
                                    

Unicode~

Chapter (3.2)

ရှောင်ရော့ကွမ်းက ရှောင်ယွီကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ "မေမေ?"

ရှောင်ယွီက ပြုံး၍ ပြောတယ်။ "ဘေဘီလေး၊ မေမေတို့ တစ်ယောက်ယောက်ရဲ့ဖုန်းကို ငှားဆက်လို့ ရပါသေးတယ်"

ရှောင်ရော့ကွမ်းက လှည့်ပြီး စွင်းဟောင်ကို စူးစူးစိုက်စိုက် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ ဦးလေးစွင်းလဲ ချက်ချင်းပဲ သူ့ဖုန်းကို  ထုတ်လိုက်ပြီး ပြောတယ်: "ဦးလေး သားကို ကူညီပေးပါ့မယ်"

ထို့နောက် သူက Mr.မျက်လုံးဖြူဝံပုလွေ၏ ဖုန်းနံပါတ်ကို ကူခေါ်ပေးပြီး ဖုန်းကို ရှောင်ရော့ကွမ်းဆီ လွှဲပေးလိုက်တယ်။ ရှောင်ရော့ကွမ်းက ဖုန်းကို ယူလိုက်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တယ်။ ထို့နောက် ဖုန်းကို သူ့နားနားလေး ထားလိုက်တယ်။ "တီ,တီ,တီ,....''ဆိုတဲ့အသံက ဆက်သွားလျက်

သိပ်မကြာခင်မှာ တခြားတစ်ဘက်က ဖုန်းဖြေလိုက်ပြီး မြေဆွဲအားကဲ့သို့ နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည့်  အသံနိမ့်၍ ခပ်အက်အက်ရှိသော ယောင်္ကျားအသံက ပေါ်လာသည်။

"ဟေး"

ထိုချိုသာတဲ့ အမျိုးသားအသံကို ကြားရပြီးနောက် ရှောင်ရော့ကွမ်း၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာ၏။ သူအရမ်း ပင်ပန်းတယ်! ကားတိုက်မှုဖြစ်ကတည်းက သူ့မေမေကို စောင့်ရှောက်ဖို့ရာ သူတစ်ယောက်တည်းပဲ ရှိတယ်။ လူတိုင်းမှာ ဖေ​ဖေရှိကြတယ်။ ဒါပေမဲ့ သူ့မှာ မရှိဘူး။သဘောကောင်းတဲ့လူတစ်ယောက်က သူ့ကိုဝယ်တိုက်တဲ့နို့ သောက်ပြီးတိုင်း သူ့ဖေဖေကလဲ သူ့ကိုဝယ်တိုက်မလားဆိုတာ သိချင်ခဲ့တယ်။

အတွေးတစ်ချို့တွေးမိပြီးနောက်မှာ ရှောင်ရော့ကွမ်းက မျှော်လင့်ချက်ရှိလာတယ်။ နှာသံနည်းနည်းပါတဲ့ အသံလေးနဲ့ သူက ချစ်စရာကောင်းအောင် ပြောလိုက်တယ်: "ဖေဖေ!"

ရှောင်ရော့ကွမ်းရဲ့ မျက်ရည်တွေက လိမ့်ကျမလာသေးဘူး။ တစ်ခြားဘက်က ဖုန်းချသွားပြီ။

ရှောင်ရော့ကွမ်း: "........" သူက မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ရှောင်ယွီကို လှည့်ကြည့်လိုက်တယ်။ သူက အကျယ်ကြီး အော်ငိုတော့တယ်: "မေမေ၊ ဖေဖေက သားကို မလိုချင်ဘူး"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now