Chapter(5.1)

3.5K 630 17
                                    

Unicode~

Chapter(5.1) မိသားစုနေ့လည်စာ

ပန်ကျန်းယဲ့က နေ့လည်စာဘူးများကိုသယ်ရင်း တံခါးတွင်ရပ်နေစဉ် ကျီရွှမ်က တံခါးမှ ကောင်လေးကို စိုက်ကြည့်နေတာကို သတိထားမိတယ်။

ပန်ကျန်းယဲ့က ကောင်လေးရဲ့ နောက်ကျောကိုပဲ မြင်ရတယ်။ ကောင်လေးက အရမ်းပါးတဲ့ အဝတ်အစားကို ဝတ်ထားတယ်။ အခု ရာသီဥတုက အေးတဲ့ဘက်ကို စပြောင်းလာပြီ။ ကလေးအများစုက အင်္ကျီလက်ရှည်တွေ ဝတ်နေကြပြီ။ ဒါပေမဲ့ ဒီကောင်လေးက အင်္ကျီလက်တို၊ ဘောင်းဘီတိုနှင့် ကြိုးသိုင်းဖိနပ်တစ်စုံကို ဝတ်နေတုန်းပဲ။

အဲ့ဒီအချိန်မှာ ကောင်လေးကလည်း သူ့ခေါင်းကိုမော့ပြီး သူ့ရှေ့မှာရှိတဲ့ ကျီရွှမ်ကို ကြည့်လိုက်တယ်။ သူက ဆေးဘက်သုံး ကျင်ငယ်အိုးကို ကိုင်ထားတုန်းပဲ။

ကျီရွှမ်က သူ့မျက်လုံးကို မှိတ်ပြီး သူ့ရဲ့ ဆိုးရွားလွန်းတဲ့ ဒေါသကို ထိန်းချုပ်ဖို့ ပြင်းပြင်းထန်ထန်ကြိုးပမ်းပြီး မေးလိုက်တယ်။ " ရှောင်ယွီ၊ မင်းဒါကို တမင်လုပ်တာမလား?"

ကျီရွှမ်ဖန်တီးထားတဲ့ လေးနက်တဲ့ လေထုက ရှောင်ယွီရဲ့ နောက်စကားကြောင့် ပျောက်သွားတာကတော့ သနားစရာဖို့ကောင်းလွန်းတယ်။

ရှောင်ယွီက ပန်ကျန်းယဲ့ကို သူမရဲ့ ရောင်ခြည်ဖြာနေတဲ့မျက်လုံးတွေနှင့် ကြည့်ပြီး ပြောတယ်: " Missပန်၊ ရှင် ပြန်လာပြီလား? ကျွန်မတို့နေ့လည်စာဘူးတွေ ဝယ်လာလား? မြန်မြန်လေး ကျွန်မအတွက် စားပွဲပေါ်ချပေးပါဦး။ အရင်ဆုံး စားလိုက်ကြရအောင်"

ရှောင်ရော့ကွမ်းလည်း ပန်ကျန်းယဲ့လက်ထဲက နေ့လည်စာဘူးတွေကို ပျော်ရွှင်စွာ လှည့်ကြည့်လိုက်ပြီး သူမကို တောက်ပတဲ့ မျက်လုံးတွေနှင့် မေးလိုက်တယ်။ "စားပြီးပြီလားဗျ?"

ပန်ကျန်းယဲ့: ....အင်း၊ ဒီကလေးက အရမ်းချစ်စရာကောင်းတာပဲ၊ ပိန်လွန်းတာလေးပဲ။

ကျီရွှမ်:"......" မင်းဒါကိုလဲ တမင်လုပ်တာ၊ ဟုတ်တယ်မလား?

ရှောင်ယွီက မလှုပ်ရှားနိုင်ဘူး။ တကယ်လို့ သူမသာ လှုပ်ရှားနိုင်ရင် စားပွဲကို သူမလက်နှစ်ဖက်နှင့် သေချာပေါက်ထုပြီး အော်လိမ့်မယ်: "စားကြစို့၊ စားကြစို့"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Kde žijí příběhy. Začni objevovat