Chapter(37)

2K 310 16
                                    

Unicode

Chapter (37)အဖိတ်ခံဘူးတဲ့

ရီလန်ရာ့က ဒီကိစ္စနှင့်ပတ်သက်ပြီး ဘယ်လိုခံစားနေရမလဲ?

ရီလန်ရာ့က ခုထိ ဘာမှမသိသေးဘူး။ ဆရာမယွီဆီကနေ " ပထမနှစ်က ကလေးတွေက ဒီနေ့ ကျောင်းပြင်ပပွဲတစ်ပွဲကို သွားကြမှာ" ဆိုတဲ့ အသိပေးစာကို ရခါစပဲ ရှိသေးတယ် ။ သူမက ဖြစ်ပျက်နေတာတွေနှင့်ပတ်သက်ပြီး ယောင်ယောင်လေးတောင် သိမနေခဲ့ဘူး။

ဒီပွဲကို အနီးကပ်မှ ထည့်လိုက်တယ်လို့ အစက တွေးနေခဲ့မိသေးတယ်!

သိပ်မကြာလိုက်ပါဘူး၊ ပါတီပွဲဆီကနေ တိုက်ရိုက်ရိုက်ကူးထားတဲ့ ပုံတွေအားလုံးနှင့် အတန်းရဲ့group chatကြီးက ပွထသွားတာကို မြင်လိုက်ရတယ်။ အဲ့ဒီအခိုက်အတန်းမှာ ရီလန်ရာ့က သူမကို မိုးကြိုးပစ်သွားပြီး သူမကျောက မီးလောင်ကျွမ်းသွားသလိုမျိုး ခံစားလိုက်ရတယ်။

ကျီယွီက မွေးနေ့ပွဲကို မဖိတ်ဘူးတဲ့လား?

ကျီရွှမ်၊ ခုန်းယွီချင်းနှင့် ဘိုးဘိုးကျီတို့က ရီလန့်ရာကို ကျီယွီနှင့် ကစားဖို့ အမြဲတမ်း ခွင့်ပြုပေးထားခဲ့ကြတယ်။ ဒါကြောင့် ကျီယွီရဲ့နှလုံးသားထဲမှာ သူမက အရေးပါတယ်ဆိုတာ အသိသာကြီးပဲလေ။

ဒါပေမဲ့ တခြားဘက်ကနေကြည့်ရင် သူမ အဖိတ်မခံရတာကို နားလည်ပေးနိုင်တယ်။ ကျီယွီရဲ့မှတ်ဉာဏ်ထဲမှာ သူမရဲ့အမေက ရေးတေးတေးပါပဲ၊ သူမရဲ့အမေက ဘယ်လိုပုံမျိုးလဲတောင် မသိဘူး။

ကျီယွီ သိတတ်စအရွယ်ကတည်းက သူမတို့မိသားစုက အမေဖြစ်သူအကြောင်း ဘယ်တော့မှ မပြောဘူး။ ဒါပေမဲ့ ခုန်းယွီချင်း၊ ဖေဖေကျီနှင့် မေမေကျီကြောင့် မသိစိတ်ထဲမှာ သူမရဲ့အမေကို သည်းမခံနိုင်တဲ့၊ ရက်စက်တဲ့လူတစ်ယောက်လို့ တွေးခဲ့တယ်။

မူကြိုတက်တဲ့အချိန်မှာတော့ လူတိုင်းမှာ အမေကိုယ်စီရှိကြမှန်း သူမ နားလည်သဘောပေါက်လာတယ်။ သူမလည်း သူမ့အပိုင်အမေတစ်ယောက် ရှိချင်လာတယ်။ ဒါပေမဲ့ မေမေကျီက သူမအမေက သူမကို တစ်ခါမှ ဂရုမစိုက်တဲ့အပြင် ဖေဖေနှင့်သူမကိုပါ ပစ်သွားတယ်လို့ ပြောခဲ့တယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now