Chapter(20)

3.1K 612 26
                                    

Unicode~

Chapter(20)ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်

“ဟဟ….” ရီလန်ရာ့က သူမအပြုံးကို ထိန်းသိမ်းဖို့ကြိုးစားရင်း ပြောတယ်။ “သမီးမေမေကို ပြောလိုက်ပါ၊ ဆရာမကို ကျေးဇူးတင်စရာမလိုပါဘူးလို့၊ ဒါက ဆရာမလုပ်သင့်တာပဲလေ”

ကျီယွီက ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်ပြကာပြောတယ်၊ “ဆရာမ၊ သမီး ဒီနေ့ အိမ်ကိုစောစောပြန်ချင်တယ်”

ရီလန်ရာ့ ဆက်မပြုံးနိုင်တော့ပေ၊ ကျီယွီက နေ့စဉ် အတန်းပြီးတိုင်း သူမဆီ အမြဲလာလေ့ရှိတယ်၊ တစ်ခါတလေ သူမအိမ်စာတွေ အပြီးသတ်ဖို့၊ တစ်ခါတလေကျ သူမအိမ်မှာလုပ်တဲ့ သွားရည်စာမုန့်တွေစားဖို့၊ တစ်ပါတ်မှာ သုံးလေးကြိမ်လောက် လာတတ်တယ်။ သူမက ကျီယွီ့အိမ်ကို စနေနေ့တိုင်း အချိန်ပိုင်းစာသင်ဖို့ သွားတယ်၊ တစ်ခါတလေကျ ကျီယွီက သူမကိုတနင်္ဂနွေနေ့ပါ လာဖို့ တောင်းဆိုသေးတယ်။

သူမက ကျီယွီကိုတွေ့တုန်းက လေးနှစ်ပဲရှိသေးတယ်၊ သူမမိသားစုက သူမအမေအကြောင်းကို သူမရှေ့မှာ မကောင်းပြောလေ့ရှိတာ ဖြစ်မယ်။ အဲ့ဒီအချိန်တုန်းက ကျီယွီက ပူဆွေးသောကရောက်နေပြီး သူမကတော့ ကိစ္စအချို့ဖြေရှင်းနိုင်ဖို့အတွက် မူကြိုမှာရှိနေခဲ့တယ်။ ဒါက သူမနှင့် ကျီယွီ တွေ့ဆုံခဲ့ပုံပါပဲ။

ကိုယ်ချင်းစာစိတ်ဖြင့် သူမက ကျီယွီကို စကားအများကြီး ပြောပေးခဲ့တယ်၊ နှစ်သိမ့်ပေးတယ်၊ မိန်းမတစ်ယောက်ဖြစ်ရတာ မလွယ်ကြောင်း ပြောပြခဲ့တယ်။ သူမက နဂိုကတည်းက မူကြိုဆရာမတစ်ယောက်ဖြစ်တယ်၊ အမြဲတမ်း ကလေးတွေနှင့်ဝိုင်းပြီး နေခဲ့တာကြောင့် သူမမှာ ကလေးတွေကို ကိုင်တွယ်ဖို့ရာ လှည့်ကွက်တစ်ခုနှစ်ခုတော့ ရှိတယ်။

သူတို့ ခွဲကြရချိန်မှာ ကျီယွီက သူမကို မျက်ရည်အဝိုင်းသားနှင့် ကြည့်နေခဲ့တယ်။ အဲ့ဒီနောက်တော့ သူမက ဒီတိုက်ဆိုင်မှုလေးကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ ကျီယွီ မူလတန်းကျောင်းတက်တော့ သူမ ကျီယွီကို နောက်တစ်ကြိမ် ပြန်တွေ့ခဲ့တယ်။ တစ်နှစ်ကျော်ပြီဆိုပေမဲ့ ကျီယွီက သူမကို မှတ်မိနေတုန်းပဲ။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora