Chapter(25.2)

2.7K 498 28
                                    

Unicode

Chapter(25.2)ရန်ဖြစ်ကြတော့မှာလား?

သူမက စန္ဒယားပညာရှင်တစ်ယောက်ဖြစ်လာပြီး သူမအမေရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ပေးရမယ်။ တစ်ချိန်တည်းမှာပဲ သူမက စန္ဒယားလောကမှာ တစ်စိတ်တစ်ပိုင်းဖြစ်ချင်ပြီး လူသတ်သမားကိုလည်း ရှာချင်ခဲ့တယ်။

ဒါကြောင့် ကျီယွီ့ကို ကိုယ်ဝန်ဆောင်ရတဲ့နှစ်မှာ သူမက ကသုတ်ကရိုက်နှင့် စန္ဒယားကိုလေ့ကျင့်ခဲ့တယ်။ သူမပါရမီအကန့်အသတ်ရယ် ကိုယ်ဝန်ကြောင့်ဖြစ််တဲ့ သူမခန္ဓာကိုယ်ပြောင်းလဲလာမှုတွေက သူမနှလုံးသားကို ဖြည်းဖြည်းချင်း ပျက်ဆီးလာစေခဲ့တယ်။ သူမက မတော်ဘူးဆိုတာနားလည်သဘောပေါက်သွားချိန်မှာ သူမက လုံးဝကို ပြိုလဲကျသွားတော့တယ်။

သူမက လောင်းကစားကို စစွဲလာတယ်၊ အဲ့ဒီနှစ်မှာပဲ ကျီယွီလည်း မွေးလာခဲ့တယ်။ သူမရဲ့လောင်းကစားစွဲခြင်းက နှစ်နှစ်ကျော်ကြာခဲ့ပြီး သူမကို ပိုပိုစိတ်ဓာတ်ကျပြီး မူးယစ်ဆေးပါစွဲလာတယ်။ ကျီရွှမ်က သူမကို ဒါတွေကြောင့် မစွန့်ပစ်ခဲ့ပါဘူး။ သူမအသက်နှစ်ဆယ်ပြည့်ချိန်မှာ သူမက သူနှင့် လက်ထပ်မှတ်ပုံတင်ချင်လားလို့ သူမေးခဲ့တယ်၊ သူမက သဘောတူခဲ့တယ်။

နှစ်ယောက်လုံးက တရားဝင်ဇနီးမောင်နှံဖြစ်လာခဲ့တယ်။ တကယ်တော့ သူမက ကျီယွီ့ကို ဖျက်ချချင်ခဲ့တဲ့အချိန်ကစပြီး ကျီရွှမ်က သူမကို ပိုပိုပြီးအေးစက်လာတယ်ဆိုတာကို မူလခန္ဓာကိုယ်ပိုင်ရှင်က နားလည်ခဲ့တာကြာပါပြီ။ သူတို့ လက်ထပ်မှတ်ပုံတင် ယူဖို့သွားတာက ကျီရွှမ်က အဖေတစ်ယောက်အနေနှင့် သူ့တာဝန်သူယူလိုက်တာမျိုးပါပဲ။

ရှောင်ယွီက ဒီနှင့် ပတ်သက်ပြီး တစ်ခွန်းမှမဟခဲ့ဘူး။ သူ့ကို မတောင်းပန်သလို ပြောလည်းမပြောပြခဲ့ဘူး။

သူတို့ကွာရှင်းခဲ့ကြတဲ့နေ့က မူလဇာတ်ကောင်က ခါတိုင်းလိုပဲ လောင်းကစားသမားအုပ်စုကို သူတို့အိမ်ဆီ ခေါ်ခဲ့တယ်။ တစ်ချီတိုင်းက ထောင်ချီသောင်းချီတန်တယ်။ ဒါက နှစ်နှစ်သမီးလေးကျီယွီ ဘယ်လိုလုပ် လှေကားပေါ်က ပြုတ်ကြရတာလဲဆိုတာပဲ။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Onde histórias criam vida. Descubra agora