Chapter(41)

1.2K 162 4
                                    

Unicode

Chapter(41) ငါ့ဇနီးဟောင်းက အတော်လေး စွမ်းနိုင်လွန်းပါတယ်ကွာ

အစ်မတကယ်ပဲ အားနာပါတယ်ရှင်ဒီနေ့ ကျွန်မတို့ဥက္ကဌကျီမှာ အရမ်းအရမ်းအရေးကြီးတဲ့ အစည်းအဝေးတစ်ခုရှိနေလို့ပါရှင့်ကျွန်မ ဥက္ကဌကို ဆက်သွယ်လို့ မရနိုင်လို့ပါရှင်အစ်မ ဒီမှာ စောင့်နေချင်ပါသလား?”ဟု ဧည့်ကြိုအမျိုးသမီးက ပြောတယ်။

အတွင်းရေးမှူးပန်က ဘယ်မှာလဲ?”ဟု မျှော်လင့်ချက်မဲ့စွာဖြင့် ရှောင်ယွီက မေးလိုက်တယ်။

ကျွန်မ တကယ် အားနာပါတယ်အတွင်းရေးမှူးပန်ကလည်း အစည်းအဝေးထဲမှာပါရှင့်”ဟု တခြားဧည့်ကြိုအမျိုးသမီးက ပြောလိုက်တယ်။

ရှောင်ယွီက အန်တီဝမ်ကို ပြောလိုက်တယ်၊ “ကျွန်မ ကျီရွှမ်နှင့် သိတယ်လို့ သက်သေပြနိုင်ဘူးဖြစ်နေတယ်....”

သခင်လေးကျီက မမလေးကို blacklist လုပ်ထားတာလား?” ဟု အန်တီဝမ်က မေးလေတယ်။

ရှောင်ယွီက ခေါင်းညိတ်ပြလိုက်တယ်။ ဖုန်းအသံသုံးခါမြည်ပြီးနောက်မှာ သူ့blacklistစာရင်းထဲ သူမ ရောက်သွားခဲ့တယ်။

ဒါဆို ကျွန်မတို့ ဘာလုပ်ကြလဲ?” အန်တီဝမ်က မေးလိုက်တယ်။ “ကျွန်မတို့ အခု ပြန်ကြရင်ရော? အပြန်လမ်းမှာ အရိုးတချို့ ဝယ်ပြီး မမလေးအတွက် စွပ်ပြုတ်လုပ်ပေးမယ်လေ

ဧည့်ကြိုနှစ်ယောက်က မနေနိုင်တော့ဘဲ ရယ်မိလိုက်ကြတယ်။

ရှောင်ယွီက သူတို့ကို ပြောစရာစကားမရှိတော့အောင် အာစေးမိသွားစွာဖြင့် ကြည့်လိုက်တယ်။ ရှင်တို့ရဲ့ ပညာရှင်ပီသတဲ့ကျင့်ဝတ်ထုံးတမ်းတွေက ဘယ်ရောက်သွားတာလဲမ်?

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Hikayelerin yaşadığı yer. Şimdi keşfedin