Chapter(11)

3.3K 633 65
                                    

Unicode~

Chapter(11)ရှင်က ကွာရှင်းပြီးသား မဟုတ်ဘူးလား?

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာကတော့  စတင်မြည်လာတဲ့ ကျီရွှမ်ရဲ့ဖုန်းပါပဲ။ ကျီရွှမ်က ကျီယွီကို လွှတ်ပေးပြီး သူ့ဖုန်းကို ထုတ်ပြီးနောက် ကျီယွီကို အံ့သြကာ ကြည့်လိုက်တယ်။

ရှောင်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး မေးတယ်။ "မိန်းကလေးလား?"

ကျီရွှမ်: "......ဘာလို့ ဂရုစိုက်နေတာလဲ?"

"ဂရုမစိုက်ပါဘူး။ ရှင်ဖုန်းကို ဖြေလို့ရပါတယ်၊ ကျွန်မ စိတ်အနှောက်အယှက် မဖြစ်ပါဘူး"

ကျီရွှမ်: "ငါကတော့ ဖြစ်တယ်"

ရှောင်ယွီက လှည့်ပြီး ပြောတယ်။ "ရတယ်လေ၊ စိတ်အနှောက်အယှက်ဖြစ်ရင်လဲ အပြင်မှာ ထွက်ပြောပေါ့!"

ကျီရွှမ်က လှည့်ပြီး ထွက်သွားတယ်။ သူတံခါးပေါက်နား မရောက်ခင်မှာ သူ့နောက်က ရှောင်ယွီနှင့် ရှောင်ရော့ကွမ်း စကားပြောနေတာကို ကြားတယ်: "သားလေး၊ မေမေ သားကို သင်ပေးမယ်! မိန်းမတွေက ပိုလှလေလေ လှည့်​ဖြားတတ်လေလေပဲ"

ကျီရွှမ်:"......"

ရှောင်ယွီက သက်ပြင်းချပြီး ဆက်ပြောတယ်: "အချို့လူတွေက သူတို့က ကြည့်ကောင်းတယ်ထင်ပြီး....."

" ရှောင်ယွီ " ကျီရွှမ်က သူမကို ဖြတ်ပြောတယ်။ သူက သူ့ကို အပြစ်ကင်းတဲ့ပုံလေးနှင့် ကြည့်နေတဲ့ ရှောင်ရော့ကွမ်းကို တစ်ချက်ကြည့်ပြီး ပြောတယ်။ "ငါ့ကလေးတွေကို မဟုတ်တာတွေ မသင်ပေးနဲ့"

ရှောင်ယွီက အပြစ်ကင်းတဲ့မျက်နှာထားနှင့်: "ကျွန်မက ကျွန်မသားကို သင်ပေးနေတာ! ကျွန်မက အခေါင်းထဲကို ခြေတစ်ဖက်လှမ်းနေပြီ။ ရှင်က နည်းနည်းလေးလောက် ငဲ့ညှာပေးလို့ မရဘူးလား?"

ကျီရွှမ်က အံကြိတ်ပြီး သူမရှေ့မှာပဲ ဖုန်းကို ဖြေလိုက်တယ်။

ရှောင်ယွီက တစ်ဖက်ကလူက ရီလန်ရာ့လို့ ခန့်မှန်းမိတယ်။ ကျီယွီရဲ့ သင်္ချာဆရာမအနေနဲ့ ကျီရွှမ်ကို ဖုန်းဆက်ဖို့အကောင်းဆုံးဆင်ခြေက ကျီယွီ ဒီနေ့ ဘာကြောင့် သူမအတန်းမတက်ရတာလဲမေးဖို့ပဲ။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora