Chapter(35)

2.1K 483 37
                                    

Unicode~

Chapter (35) သတ္တိရှိနေတယ်ပေါ့လေ?

ရှောင်ရော့ကွမ်းက ရယ်မောနေတဲ့ကျီယန့်ကို မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ကာ ကြည့်နေတယ်၊ ရှုပ်ထွေးနေတဲ့အမူအရာနှင့် သူ့ခေါင်းလေးက စောင်းနေတယ်။

ကျီယွီက ကျီယန့်ကိုကြည့်ပြီးနောက်မှာတော့ အဖက်မလုပ်ဖို့ပဲ ရွေးလိုက်တော့တယ်။ ထို့နောက် ကူညီပေးမဲ့အစား သူမက မီးဖိုချောင်ထဲမှာ ခုန်းယွီချင်းကို သွားရှာလိုက်တယ်။

“ဘွားလေးခုန်း၊ ဘွားလေးခုန်း၊ ဖေဖေအန်နေလို့”

ကျီရွှမ်: “…ယွီလေး…”

ကျီရွှမ်က တစ်ရှူးတစ်ချို့ယူပြီး သူ့အရှုပ်တွေကို သုတ်ပစ်လိုက်တယ်။

ခုန်းယွီချင်းက သူဌေးအန်နေတာကို ကြားတော့ သူမလက်ထဲက ပေါင်းအိုးကိုချပြီး ထွက်လာတယ်။ ကျီရွှမ်က စားပွဲကို တစ်ရှူးနှင့် သုတ်နေတာကို သူမ မြင်လိုက်ရတယ်။ ကျီရွှမ်က သူမကို မော့ကြည့်ပြီး ပြောလိုက်တယ်၊ “အဆင်ပြေပါတယ်၊ ဒေါ်ဒေါ်ခုန်းလုပ်နေတာကို ဆက်လုပ်လိုက်ပါ”

ခုန်းယွီချင်းက ဖေဖေကျီနှင့် မေမေကျီကို လှည့်ကြည့်ပြီးပြောလိုက်တယ်၊ “ဆရာတို့တွေ ရောက်နေတာပဲ၊ မနက်စာစားပြီးကြပြီလား?”

ဖေဖေကျီက ခေါင်းယမ်းပြတော့ ခုန်းယွီချင်းက ပြောလိုက်တယ်: “ကျွန်မ လောင်ကျိန်းကို တစ်ခုတစ်ခုလုပ်ခိုင်းလိုက်ပါ့မယ်၊ အချိန်ခဏပေးပါဦးနော့်”

ခုန်းယွီချင်း ပြန်ဝင်သွားပြီးနောက်မှာ ရှောင်ရော့ကွမ်းက ဘိုးဘိုးကျီဆီ ပြေးသွားပြီး ပြောတယ်၊ “ဘိုးဘိုးကြီး၊ သူတို့တွေက ဘိုးဘိုးကြီးရဲ့ကလေးလေးတွေလား? သားက ဖေဖေနဲ့ဆိုင်သလိုမျိုးလေ”

ဘိုးဘိုးကျီက ရယ်ပြီး ပြောလိုက်တယ်: “ဟုတ်တာပေါ့ဗျာ!”

ဖေဖေကျီနူတ်ခမ်းတွေက ဆတ်ခနဲတွန့်သွားတယ်၊ သူက မတ်တပ်ထပြီး ပြောလိုက်တယ်၊ “အဖေ၊ ပြန်လာပြီပဲ”

ဘိုးဘိုးကျီက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်၊ “ငါ ဒီမှာ ရပ်နေတာကို မမြင်ရဘူးလား?”

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Nơi câu chuyện tồn tại. Hãy khám phá bây giờ