Chapter(12)

3.4K 619 40
                                    

Unicode~

Chapter(12) မျိုးရိုးနာမည်

ကျီရွှမ်က ရှောင်ရော့ကွမ်းကို တစ်ချက်ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ သူ တိတ်တိတ်လေးနေလိုက်တယ်။ သူက လှည့်ပြီး ရှောင်ယွီကို မေးတယ်: "ဆရာဝန်က ဘယ်ချိန် ဆေးရုံကဆင်းရမယ်ဆိုတာမျိုး ပြောခဲ့ဖူးလား?"

ရှောင်ယွီက ညင်ညင်သာသာ ပြောတယ်:
" ဆရာဝန် ပြောတာတော့ ဘယ်အချိန်မဆို ဆင်းနိုင်တယ်တဲ့။ သူတို့က ကျွန်မလို လုံးဝအကြောသေနေတဲ့သူကို ပြန်ကောင်းလာဖို့ မမျှော်မှန်းထားကြဘူးလေ၊ ဟုတ်တယ်မလား? ဟမ်း၊ ကျွန်မက ဆေးရုံမှာ ဒီလောက်အကြာကြီးရှိနေတော့ သူတို့ ကျွန်မကို လာကြည့်ရတာ ပင်ပန်းသွားတာဖြစ်မယ်"

ကျီရွှမ်က ခေါင်းညိတ်ပြီး ပြောတယ်။ "မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို လွှတ်ပြီး ကိစ္စအားလုံး ဖြေရှင်းခိုင်းလိုက်မယ်"

ရှောင်ယွီက သူ့စိုက်ကြည့်ပြီး: " ကိစ္စအားလုံး ဖြေရှင်းခိုင်းလိုက်မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ? ရှင်က လူသေအ​လောင်းကို ဖြေရှင်းနေရတာမှ မဟုတ်ဘဲ။ မနက်ဖြန်ကျ ကျွန်မကို လာခေါ်လှည့်! ဒုတိယအထပ် ပြတင်းပေါက်နားက အခန်းကိစ္စလည်း မမေ့နဲ့ဦး! အဝတ်အစားတွေကို ဒီမှာထားခဲ့ဖို့လည်း သတိရဦး၊ Goodbye!"

ကျီရွှမ်: "......" သေစမ်း၊ သူ တစ်ခွန်းမှတောင် မပြောလိုက်ရဘူး။

ရှောင်ယွီက လှည့်ပြီး ရှောင်ရော့ကွမ်းကို ပြောလိုက်တယ်: " ရှောင်ကွမ်း၊ မြန်မြန်လုပ်၊ သားရဲ့ ဖေဖေမျက်လုံးဖြူဝံပုလွေကို goodbyeလို့ ပြောလိုက်ပါဦး"

တကယ်လို့ ရှောင်ယွီသာ သူ့ကို အသိမပေးရင် သူမေ့သွားတော့မလို့။ ခု ရှောင်ယွီက အစဖော်လာတော့ ကျီရွှမ်ကမေးလိုက်တယ်။ " ရှောင်ကွမ်း ၊ ငါ့ကို မျက်လုံးဖြူဝံပုလွေ လို့ ခေါ်တဲ့အကျင့်က......ပြောင်းလို့ရနိုင်ပါ့မလား?"

ရှောင်ယွီက မျက်တောင်ပေကလပ်နှင့် သူမရဲ့ကလေးပုံမျက်နှာလေးမှာ အပြစ်ကင်းနေသလို အမူအရာပြပြီး ပြောတယ်:" ဒါလား? ကျွန်မ စဉ်းစားကြည့်ပါလိုက်ဦးမယ်....."

ကျီရွှမ်:.......မင်း စဉ်းစားကြည့်ပေးမယ်ဆိုတော့ အဲ့ဒါ ပြောင်းပေးလို့ရနိုင်တယ်လို့ ဆိုလိုတာပဲ။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora