Chapter(19)

3K 631 24
                                    

Unicode~

Chapter(19)ပြန်ကောင်းလာတယ်?

ညနေခင်း ကျီရွှမ်ပြန်ရောက်လာချိန်မှာတော့ သူက ရှောင်ယွီက ဆိုဖာခုံပေါ်မှာ ထိုင်ပြီး ကလေးနှစ်ယောက်က သူမဘေးတစ်ဘက်ဆီတွင် တိုးဝှေ့လျက် သူ့သမီးက ရှောင်ယွီ၏ညာဘက်ခြေထောက်ပေါ်တွင် အနားယူ၍ သူ့သားလေးက ဘယ်ဘက်ခြေထောက်ပေါ်တွင် အနားယူနေသည်ကို မြင်လိုက်ရတယ်။ သူမက ဆိုဖာပေါ်တွင် တည်ငြိမ်သောမျက်နှာထားနှင့် ထိုင်၍ ကလေးနှစ်ယောက်နှင့်အတူ သိုးလေးနှင့်မြေခွေးအစီအစဉ်ကို ကြည့်နေတယ်။ ဤသည်က ကျီရွှမ်၏ နှလုံးသားကို လေပြင်းတစ်ချက် တိုက်စေတယ်။

ဒါက သူအမြဲတမ်းလိုချင်ခဲ့တဲ့ အနားယူတဲ့အချိန်လေ! ဒါ့အပြင် ဘာလို့ ဒီနေ့ လေထုက အရမ်းချိုမြိန်နေရတာလဲ?

ကျီရွှမ်က သူ့ဆီကိုလာသည့် အိမ်အကူကို သူ့၏အိတ်ကို လှမ်းပေးပြီးနောက် သူ့နက်ကတိုင်ကို ဖြေလျှော့ကာ ဆိုဖာပေါ်မှာ ထိုင်တယ်။ သူက ကလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တော့ သုံးယောက်လုံးက အစီအစဉ်ကို တူတူကြည့်နေသေးတုန်းပဲ။

ကျီရွှမ်: "....."

ကျီရွှမ်က အပစ်ထားခံရပေမဲ့လည်း သုံးယောက်လုံးကို အသေအချာကြည့်ရာ ကျီယွီ၏ မျက်လုံးများက နီရဲ၍ ယောင်ရမ်းနေသည်ကို တွေ့ခဲ့တယ်။ ကျီရွှမ်က စိုးရိမ်ပူပန်စွာဖြင့် မေးတယ်: "ယွီလေး၊ သမီး ငိုနေတာလား? ဘာဖြစ်လို့လဲ?"

ကျီယွီက သူမအဖေကို လှည့်ကြည့်ပြီးနောက် TVကို ပြန်လှည့်ကြည့်တယ်။

ကျီရွှမ်:"....."

ဘာလို့လဲ၊ ဘာလို့ သမီးက ငါ့ကို အဖက်မလုပ်တာလဲ?

ရှောင်ရော့ကွမ်းက မတ်တပ်ထကာ ဆိုဖာပေါ်ကဆင်းကာ ပြေး၍ ကျီရွှမ်၏ဆိုဖာပေါ်သို့ တက်တယ်။ ထို့နောက် သူက ကျီရွှမ်ကို တိုးတိုးလေး ပြောပြတယ်: "ဖေဖေ၊ သားမမက ဒီနေ့ငိုပြီး ပြန်လာတယ်"

"ဘာလို့လဲ?" ကျီရွှမ် အံ့ဩသွားတယ်။ သူ့သမီးက တစ်ခါတစ်ရံငိုပေမဲ့ သူမက ဘယ်တော့မှ ကျောင်းကနေ ငိုပြန်မလာဖူးဘူး။

"သား ပြောပြမယ်....." ရှောင်ရော့ကွမ်းက လှုပ်တောင်မလှုပ်တော့တဲ့ ကျီယွီကို တစ်ချက်ကြည့်တယ်။ ထို့နောက် ကျီရွှမ်ကို တိုးတိုးလေး ပြောပြတယ်: "မမက! ဆရာမရီဆီက အလိမ်ခံခဲ့ရတာ"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Nơi câu chuyện tồn tại. Hãy khám phá bây giờ