Chapter(9)

3.5K 648 52
                                    

Unicode~

Chapter(9)သမီး

ကျီရွှမ်က အနွေးထမင်းဘူးကို သယ်ပြီး ကားထဲဝင်လာတယ်။ ကျီယွီက ရှေ့ကိုအေးဆေးမကြည့်ခင် နေ့လည်စာထမင်းဘူးကို တစ်ချက်ကြည့်လိုက်သေးတယ်။ ဆယ်မိနှစ်ကြာတဲ့ထိ သူမအဖေက ဘာတုံ့ပြန်မှုမှ မပြဘူး။

ကျီယွီက အနွေးဘူးကို တစ်ခါထပ်ကြည့်ပြီး ကြင်နာတဲ့အသံလေးနှင့် ပြောတယ်: "သမီး သယ်ပေးမယ်!"

ကျီရွှမ်:"???"

ကျီရွှမ်က ယူဖို့ သူမလက်ကို ဆန့်ထုတ်လိုက်တော့ ကျီရွှမ်က အဲ့ဒါကို ချက်ချင်းပဲ မြင့်မြင့်မြှောက်ပြီး ပြောတယ်: "အထဲမှာ စွပ်ပြုတ်ချိုတွေ ပါတယ်။ ဖေဖေ သယ်လိုက်ပါ့မယ်"
သူက ဒါကို သူ့သားကို ကပ်ဖားဖို့ ကြံစည်ထားတာလေ။ ဘာလို့ သူ့သမီးက သူ့ဆီကနေ ခိုးဖို့ ကြိုးစားနေရတာလဲ?

ကျီယွီက စိတ်ပျက်သွားပြီး ပြောတယ်: "စွပ်ပြုတ်ချို?ဖေဖေကဖြင့် အရွယ်ရောက်နေပြီကို၊ ...... ရဲ့အစာအိမ်အတွက် အရသာပေါ့တဲ့တစ်ခုခုကို ယူလာသင့်တယ်ဆိုတာကို ပြောပြ​ပေးဖို့အတွက် ဖေဖေက သမီးကို လိုအပ်နေတုန်းပဲလား?"
ကျီယွီက တင်ပါးပေါ်လက်ထောက်ထားတယ်။ ကျီယွီက ဒီနေ့အဝတ်အစားဝတ်ဖို့ကို သေချာအားထုတ်ထားတာပဲ။ သူမရဲ့ ဆံပင်ကောက်လေးတွေပေါ်မှာ ဖဲပြားကြီးတစ်ခုရှိပြီး အနီပေါ်မှာ အနက်ရောင်အပျောက်လေးတွေနှင့် အရမ်းချစ်စရာကောင်းတယ်။ သူမက လက်ရှည် မင်းသမီးဝတ်စုံလေးကို ဝတ်ထားပြီး နှင်းဖြူရောင် အသားကပ်ဒူးအထက် ခြေအိတ်နှင့်အတူ ပြောင်လက်နေတဲ့ အနက်ရောင်ရှူးဖိနပ်ကို တွဲဝတ်ထားတယ်။

ကျီရွှမ်က နူးညံ့စွာ ပြောတယ်: "ဖေဖေက ဒါကို သမီးမေမေအတွက် ယူလာတယ်လို့ မပြောမိပါဘူး"

ကျီယွီက သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး ပြောတယ်: " ဘာလို့ ဒီလိုလုပ်ရတာလဲ? သူမက မကောင်းပေမဲ့လည်း သမီးတို့ သူမဆီကို သွားလည်မယ်ဆိုကတည်းက ဖေဖေက ကောင်းကောင်းဆက်ဆံပေးသင့်တာပေါ့! အဲ့လိုမှ မဟုတ်ရင် သမီးတို့က ဘယ်လောက်တောင် အကြင်နာကင်းမဲ့သလို ဖြစ်သွားမလဲ? သမီးတို့က သူမနှင့် တူသလား?"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora