Chapter(16)

3.2K 625 41
                                    

Unicode~

Chapter(16) နေ့လည်စာ

"ဟ ဟ ဟ ဟ....." ရှောင်ယွီ၏ ရယ်သံက အနေရခက်သည့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ သူမက ရီလန်ရာ့ကို ကြည့်ပြီး ပြောတယ်။ " တောင်းပန်ပါတယ်နော်။ သားက ကလေးမို့လို့ပါ။ ဆရာမ၊ ဒီနေ့ည ကျွန်မတို့နဲ့အတူ ညစာစားပါလား?"

"မေမေ၊ သားတို့မိသားစုဘာသာ အရင်စားလို့မရဘူးလား။ သားမမရဲ့ဆရာမကို မနက်ဖြန်ကျမှ ဖိတ်လိုက်မယ်လေ!" ရှောင်ရော့ကွမ်းက ရှောင်ယွီ၏ ဘောင်းဘီကို ဆွဲပြီး ပြောတယ်။

ဒါကို ကြားသည့်အခါမှာတော့ ရီလန်ရာ့တွင် ဆက်ကြာကြာနေဖို့ ဆင်ခြေဆင်လက်မရှိတော့ပါ။ သူမက " လုပ်စရာရှိတာ လုပ်ကြပါ။ ကျွန်မမှာလည်း သွားစရာရှိနေသေးလို့။ ကျွန်မအားတဲ့အခါမှ လာခဲ့ပါ့မယ်။ ပြီးတော့ ယွီလေး" ရီလန်ရာ့က ကျီယွီကို ပြောတယ်: "သင်္ချာစာမေးပွဲက အတော်ခက်လိမ့်မယ်။ သမီးအဲ့ဒါကို မပြီးသေးရင် ဆရာမ တနင်္ဂနွေနေ့ကျ လာခဲ့မယ်"

ရှောင်ယွီက ပြုံးရင်း ပြောတယ်။ "အို့၊ ကျွန်မတို့ ရှင့်ကို ထပ်ဒုက္ခမပေးချင်တော့ပါဘူး။ အခု ကျွန်မ ပြန်ရောက်နေပြီလေ၊ ဟုတ်တယ်မလား?"

ရီလန်ရာ့: "......ရှင်က ဒါတွေကို အရင်က မသင်ဖူးတော့ ကလေးတွေက နားမလည်နိုင်လောက်ဘူး"

"ရပါတယ် ၊ ပထမတန်း အခြေခံမေးခွန်းတွေပဲကို! အဲ့လောက် မခက်ပါဘူး၊ ကျွန်မ သမီးကို သင်ပေးလိုက်ပါမယ်။ ကျွန်မတို့က ရှင့်ကို ဒါလေးအတွက်နဲ့ လာခိုင်းနေလို့ ဘယ်ဖြစ်မှာလဲ"
ရှောင်ယွီက ယဉ်ကျေးပျူငှာဟန်သရုပ်ဆောင်လိုက်တယ်။

ရီလန်ရာ့မှာ ပြောစရာတစ်ခုခု ရှိပေမဲ့ ကျီရွှမ်က ပြောလိုက်တယ်: " ရှောင်ယွီက ဒီလို ပြောလာမှတော့ ကျီယွီက သူမရဲ့မေမေနှင့် ဒီတနင်္ဂနွေမှာ စာလုပ်ပါလိမ့်မယ်!"

ရီလန်ရာ့က ကျီရွှမ်ကို တစ်ချက်ကြည့်ကာ တတွတ်တွတ် ညည်းတယ်: " ကျွန်မမှာ ဒါနဲ့ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ယွီလေးက သင်ခန်းစာတွေကို မလိုက်နိုင်မှာ စိုးရိမ်မိတယ်။ ရှင်လဲ အရင်က သူမက အထီးကျန်ခဲ့တာကြောင့် အရမ်းဆိုးတယ်ဆိုတာ သိနေတာပဲ"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Où les histoires vivent. Découvrez maintenant