Chapter(33)

2.4K 463 42
                                    

Unicode

Chapter(33) သမီးက မေမေနဲ့ ကစားမယ်လေ

“ဒါနဲ့၊ ယွီလေးက ဘယ််မှာလဲ? ကျောင်းမှာလား?” ဘိုးဘိုးကျီက လှည့်ကြည့်လိုက််တယ်။

ကျီရွှမ်က ပြောတယ်၊ “ဘိုးဘိုးဖုန်းခေါ်တုန်းက ကျွန်တော်တို့က သမီးလေးကျောင်းကနေ ပြန်ထွက်လာခါစရှိသေးတယ်၊ အဲ့ဒါကြောင့် သမီးလေးကို ပြန်မခေါ်ခဲ့တော့တာ”

“ဟိုင်းရား၊ မင်း ပြန်လှည့်ကြိုလိုက်လို့ ရတာပဲကို! ငတုံး” ဘိုးဘိုးကျီက သက်ပြင်းချလိုက်တယ်။

ရှောင်ယွီက ပြုံးပြီး  “ဘိုးဘိုး၊ ယွီလေးက စာသင်နေတာလေ! ညကျ ပြန်လာမှာပဲကို။ ရှောင်ကွမ်းက အခု ဘိုးဘိုးကို အဖော်ပြုပေးမှာပေါ့”ဟု ပြောလိုက်တယ်။

ဘိုးဘိုးကျီက အော်ခေါ်လိုက်တယ်၊ “ဘိုးဘိုးအသည်းလေး~!” ။ သူက ရှောင်ရော့ကွမ်းကို ဖက်ပြီး  “သမီးက မြစ်ကလေးကို ကောင်းကောင်းပျိုးထောင်ခဲ့တာပဲ၊ ဖြူဖြူတုတ်တုတ်ကြီး၊ သူ့မျက်လုံးလေးလေးတွေက စွမ်းအားတွေနဲ့ တောက်ပနေရောပဲ။ ရှောင်ကွမ်းက   ထူးထူးချွန်ချွန်နဲ့ ကြီးပြင်းလာမယ်ဆိုတာ ဘိုးဘိုးယုံတယ်၊ သားရဲ့ဘိုးဘိုးနဲ့တော့  မတူနဲ့နော်” ဟုပြောတယ်။
(T.N: ကျီရွှမ့်အဖေနဲ့ မတူဖို့ မှာနေတာပါ)

ရှောင်ယွီက ခေါင်းရမ်းမိတယ်၊ ဘိုးဘိုးရဲ့စကားတွေကို သိပ်စိတ်ထဲထားမနေပါဘူး၊ ဘိုးဘိုးက အသက်ကြီးပြီလေ! ဘိုးဘိုးဖြစ်ချင်တာမှန်သမျှ အကုန်လုပ်လို့ရပါတယ်? အဓိကပြဿနာကြီးမဟုတ်သရွေ့ ရှောင်ယွီက အကြီးတွေနဲ့ ရန်ဖြစ်ရတာကို သဘောမကျပါဘူး။ တကယ်တမ်းကျတော့ သူတို့က နှစ်တွေအကြာကြီး ဒီကမ္ဘာပေါ်မှာ နေခဲ့ကြတာဖြစ်လို့ ပြဿနာအဖြစ်ခံမှာမဟုတ်ဘူးလေ။

အငယ်တွေနဲ့ တစ်ခါလောက် ရောနေလိုက်တာနဲ့ ပြဿနာအိုးဖြစ်လာတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဒါကြောင့် ရှောင်ယွီက သူမ အတတ်နိုင်ဆုံးအလျှော့လို့ရမျှ အလျှော့ပေးရမယ်လို့ အမြဲတမ်းခံစားမိနေတယ်။ ပထမအချက်က သူတို့က အသက်ကြီးနေပြီ၊ နောက်တစ်ချက်က နှစ်ပေါင်းများစွာ ဒီလိုနေလာတဲ့ လူကြီးတစ်ယောက်ကို လူငယ်တွေရဲ့ဘဝနှင့် နေသားကျအောင် ပြောင်းလဲပေးဖို့ လိုလို့လား?

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Tempat cerita menjadi hidup. Temukan sekarang