Chapter(25.4)

2.9K 531 19
                                    

Unicode

Chapter(25.4)ရန်ဖြစ်ကြတော့မှာလား?

ခုန်းယွီချင်းက ဘယ်လိုပြန်ဖြေရမှန်း မသိဘူး၊ ထို့နောက် သူမက ရှောင်ယွီအထဲကို ဝင်လာပြီး ရီလန်ရာ့ကို စကားပြောတာကို တွေ့လိုက်တယ်၊ “အားနာလိုက်တာ၊ ဆရာမကို ဒုက္ခများစေမိပြီ။ ယွီလေး၊ မေမေနဲ့ စန္ဒယားတီးရအောင် လာခဲ့၊ ဆရာမက အဆင်သင့်ဖြစ်ရင် သမီးကို ခေါ်လိမ့်မယ်”

ကျီယွီက ရီလန်ရာ့ကို ကြည့်တယ်၊ ရီလန်ရာ့ကလည်း အံ့ဩသွားတယ်။ သူမက ရှောင်ယွီ့ကို ရှက်ရွံ့စွာကြည့်ပြီး ပြောတယ်၊ “ ယွီလေးကို ကျွန်မနဲ့ နေစေချင်တယ်။ ကလေးတွေက သူတို့လက်နဲ့ ကိုယ်တိုင်လုပ်သင့်တယ်၊ ဒါမှသာ သူတို့က အချို့လက်တွေ့စွမ်းရည်တွေကို သင်ယူနိုင်မှာ။ ဒါက သူတို့အတွက် အစားအစာနှင့် ပတ်သက်ပြီး မတူညီတဲ့ရှုထောင့်ကိုလဲ ဖန်တီးနိုင်တယ်”

ရှောင်ယွီက စိတ်အားငယ်စွာဖြင့် ပြောတယ်: “ကျွန်မက ယွီလေးကို ကျွန်မနဲ့ တူတူရှိစေချင်တာ၊ ဒါမှ သမီးက သူ့အမေနဲ့ ပိုအဆင်ပြေပြီး ကျွန်မတို့က ပိုနီးစပ်နိုင်မှာ”

ကျီယွီက ရှောင်ယွီ့ဆီပြေးပြီး ပြောတယ်: “မေမေ၊ သမီး မေမေနှင့် ဆော့ပါ့မယ်”။ ထို့နောက် ပြန်လှည့်ပြီး ရီလန်ရာ့ကို ပြောလိုက်တယ်၊ “ဆရာမ၊ အရင်စလုပ်လိုက်ပါနော်။ သမီးအားရင် လာခဲ့ပါ့မယ်”

ရီလန်ရာ့က ပြုံး၍ နှစ်ယောက်သားထွက်သွားတာကို ကြည့်တယ်။ ရှောင်ယွီက မျက်လုံးလှိမ့်လိုက်တယ်၊ ဘယ်သူက နင့်ကို ကြာပန်းဖြူမလို သရုပ်ဆောင်ဖို့ ပြောလဲ။ ခု နင် ငါ့ကို ငြင်းလို့တောင်မရတော့ဘူးလေ! ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ!

ထို့ကြောင့် ရီလန်ရာ့က တစ်မနက်လုံး ရှောင်ယွီ စန္ဒယားတီးတာကို ထိုင်ကြည့်နေခဲ့ရတယ်။ “ကျားလေးနှစ်ကောင်”ကနေ “ ကျောင်းသွားကြမယ်”ထိ ရှောင်ယွီက သူမရဲ့ကလေးနှစ်ယောက်ကို တစ်မနက်လုံး သီချင်းဆိုခွင့်ပြုထားတယ်။

ကျီရွှမ် ပြန်ရောက်လာချိန်မှာ သူက ရှောင်ယွီ၊ ရှောင်ရော့ကွမ်းနှင့် ကျီယွီတို့က ဆိုဖာအစွန်းမှာထိုင်ပြီး ပွေ့ဖက်ကာ TVကြည့်နေကြတာကို တွေ့လိုက်တယ်။ ရီလန်ရာ့က တခြားဆိုဖာခုံပေါ်မှာ တောင့်တင်းနေတဲ့အပြုံးနှင့် ထိုင်နေတယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now