Chapter(21)

3K 589 28
                                    

Unicode~

Chapter(21) ကျောင်းသို့ အလည်အပတ်သွားခြင်း

သူ့၏အရင်ဇနီးဟောင်းမှာ တစ်ဝက်တစ်ပျက် အကြောသေခြင်းသာဖြစ်ကြောင်း လက်ခံပြီးနောက်တွင် ကျီရွှမ်က အပေါ်ထပ်သို့ အမူရာမဲ့သည့်မျက်နှာဖြင့် တက်သွားတယ်။

“စကားမစပ်၊ ကျီရွှမ်ရေ၊ မနက်ဖြန်ကျ ရှောင်ကွမ်းကို သူတက်ရမယ့်မူကြိုဆီ အလည်ခေါ်သွားကြမယ်နော်!” ရှောင်ယွီက လက်ထဲတွင် စွပ်ပြုတ်ပန်းကန်နှင့်အတူ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ခေါင်းကို ငုံ့၍ စွပ်ပြုတ်တစ်ငုံ သောက်လိုက်တယ်။

ကျီရွှမ်က ပြောတယ်: “ဟုတ်ပြီလေ၊ မနက်ကျ ယွီလေးတက်ခဲ့တဲ့ကျောင်းကို အရင်သွားကြတာပေါ့”

“ကျွန်မ သဘောတူပါတယ်! ရှောင်ကွမ်းက အဲ့ဒီအကြံကို သဘောကျရင်ပေါ့လေ” ရှောင်ယွီက စွပ်ပြုတ်နောက်တစ်ငုံ ထပ်သောက်တယ်။

ကျီရွှမ်: “……မင်း စွပ်ပြုတ်သောက်နေတာကို မရပ်နိုင်ဘူးလား? ၊ အဲ့ဒါမှ ငါတို့ သားရဲ့မူကြိုကိစ္စကို သေချာပြောလို့ရမယ်မလား?”

“မရပ်နိုင်ပါဘူး” ရှောင်ယွီ့၏ ဒုတိယပြန်ပြောလိုက်သည့် စကားတစ်ခွန်းက “ဒါက အရသာရှိတယ်!”

ကျီရွှမ်: “…..ငါ မင်းကို အငတ်မထားပါဘူး!”

ရှောင်ယွီက သူမခေါင်းကို မော့၍ ပြောတယ်၊
“ ရှောင်ကွမ်းကို မေးလိုက်လေ!”

ကျီရွှမ်က လှည့်၍ ရှောင်ရော့ကွမ်းကို ကြည့်တယ်။ သူ စကားမပြောရသေးခင် ရှောင်ရော့ကွမ်းက သူ့ကို ပြောတယ်: “သားက မေမေကြိုက်တဲ့ဆီကို သွားမှာ”

ကျီရွှမ်: “…….” သူ မနာတွေလို၊ သဝန်တွေတိုပြီး မုန်းနေပါပြီနော်။

နောက်တစ်နေ့မှာ ရှောင်ယွီက အရင်တုန်းက ကျီရွှမ် ဆေးရုံကို ယူလာခဲ့သည့် ဒူးအထိအရှည် ပန်းရောင်ဝတ်စုံလေးကို ဝတ်ထားတယ်။ သူမက ဆံပင်ကို ပန်းရောင်ဖဲကြိုးလေးဖြင့် ဆံထုံးထုံးထားပြီး ဖဲကြိုးလေးကို ဖဲပြားပုံစံလေး ချည်ထားတယ်။ ချက်ချင်းလက်ငင်းပင် ရှောင်ယွီက 25နှစ်အရွယ် တစ်ကိုယ်တော်မေမေအဖြစ်မှ အသက်18နှစ်အရွယ် ကလေးမျက်နှာနှင့် အထက်တန်းကျောင်းသူလေးအသွင် ပြောင်းလဲသွားတယ်။

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now