Chapter(36)

2.5K 438 30
                                    

Unicode~

Chapter(36) မွေးနေ့ပွဲ

ကျီယွီရဲ့ မွေးနေ့ပွဲ စတော့မယ်။

ကျီယွီက သူမရဲ့သူငယ်ချင်းတွေကို ပထမဆုံးအကြိမ် ဖိတ်ထားတဲ့တဲ့အတွက် ရှောင်ယွီက ဒီပွဲကို အများကြီး အလေးအနက်ထားတယ်။ သူမက မနက်စောစော အိပ်ရာထပြီး အဝတ်အစားရွေးတယ်၊ ရှောင်ယွီရဲ့ဗီရိုထဲမှာ ကျီရွှမ် သူမအတွက် ဝယ်ပေးထားတာတွေ အပြည့်ပဲ။ ရှောင်ယွီက ကျီရွှမ်ရဲ့ဖက်ရှင်အမြင်အပေါ် ပြောစရာစကားမရှိတော့ဘူး၊ ကျီရွှမ်ဝယ်ထားတာတွေက တစ်ဆက်တည်း-ဂါဝန်တွေချည်းပဲ။

ရှောင်ယွီက အဖြူရောင်ဝမ်းဆက်လေး ရွေးဝတ်လိုက်တယ်၊ သူမက အခု အကူမပါဘဲ မတ်တပ်ရပ်နိုင် လမ်းလျှောက်နိုင်နေပြီ။ ဒါပေမဲ့ မလိုအပ်တဲ့သံသယဝင်ခံရတာတွေကို ရှောင်လွှဲဖို့အတွက် အန်တီဝမ့်ရှေ့မှာ ချိုင်းထောက်ကို သုံးတယ်။ ကျီရွှမ်နှင့် အခြားသူတွေကို တွေ့ရင် ဘီးတပ်ကုလားထိုင်ကို သုံးနေသေးတယ်။ အန်တီဝမ်က သိထားပြီးသားပါ၊ ရှောင်ယွီကလည်း သူတို့ကို ဖုံးကွယ်ထားဖို့ အတွေးမရှိပါဘူး၊ အခြားသူတွေကို သူမဘက်က စမပြောရသေးရုံတင်ပါပဲ။

ဒါပေမဲ့ ဒီနေ့က ကျီယွီ့မွေးနေ့ဖြစ်တဲ့အတွက် ရှောင်ယွီက ဘီးတပ်ကုလားထိုင်ပေါ် ထိုင်မနေဖို့ ဆုံးဖြတ်လိုက်တယ်။

ကျီယွီက ရှောင်ယွီရဲ့ နူးညံ့ညင်သာတဲ့ခေါ်သံလေးကြောင့် နိုးလာတဲ့အချိန်မှာ သူမတွေ့လိုက်ရတာက အိပ်ရာဘေးမှာ သူမရဲ့မေမေအချောလေးက ထိုင်ပြီး နွေးနွေးထွေးထွေးပြုံးပြနေတာကိုပဲ။

“ယွီလေး၊ ထသင့်နေပြီနော်၊ ခဏနေရင် သူငယ်ချင်းတွေ လာတော့မယ်လေ”
ကျီယွီက ရှောင်ယွီ့ကို ကြည့်၍ မျက်လုံးတွေကို ပွတ်ပြီးနောက် ခေါ်လိုက်တာ်: “မေမေ”
ရှောင်ယွီက အိပ်ရာနောက်ကနေ ချိုင်းထောက်ကို ယူပြီး မတ်တပ်ရပ်၍ ပြောတယ်: “အချစ်လေး၊ မြန်မြန်ထတော့! သမီးမောင်လေးကို မေမေ သွားနိုးရဦးမယ်”

ကျီယွီက အခုဘာတွေဖြစ်သွားမှန်း နားမလည်ဘူး၊ သူမက ခေါင်းညိမ့်ပြလိုက်တယ်၊ ရှောင်ယွီ သူမရဲ့အခန်းထဲကနေ ထွက်သွားပြီးမှ အင်္ကျီကနေ ခေါင်းထုတ်ပြီးနောက် ကြက်သေသေသွားတယ်….

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Donde viven las historias. Descúbrelo ahora