Chapter(32)

2.5K 448 31
                                    

Unicode~

Chapter(32) ကြောင်သူတော်

ကျီရွှမ်: “……အဲ့တော့၊ မင်းဆိုလိုတာက၊ တကယ်လို့များ ကျီယွီက မြေပြင်ပေါ်က အရိုက်ခံနေရတဲ့တစ်ယောက် ဖြစ်နေရင်ရော?”

ရှောင်ယွီက ပြုံး၍ ပြောလိုက်တယ်၊ “ဒါဆို ကျွန်မက ရှင့်ကို အရင်ဖြေရှင်းခိုင်းလိုက်မယ်၊ ပြီးမှ ကျွန်မ ဖြေရှင်းမယ်လေ၊ ပါးအရင်ရိုက်ပြီးမှ သကြားချောင်းပေးလိုက်ဆိုတဲ့ ဆိုရိုးစကားလိုပေါ့! အဲ့ဒါကို ဒီလိုခေါ်တယ် ~ တစ်ယောက်က နတ်လိုကျင့်ကြံပြီး တစ်ယောက်က မကောင်းဆိုးဝါးလို ကျင့်သုံးရတယ်တဲ့လေ။ ဟဟဟဟ……”

ကျီရွှမ်: “…….” သူ့နှလုံးသားထဲက ဗီလိန်လေးက တစ်ခဏအတွင်း ပျက်ဆီးသွားရတယ်။ကျီရွှမ်က သူမအပေါ် ခုလေးတင်ထားရှိခဲ့တဲ့ ကြည်ညိုလေးစားမှုလေးကို ဘောလုံးတစ်လုံးလို လုံးချေပြီး ချက်ချင်းဆိုသလို သူခေါင်းထဲကနေ ပစ်ထုတ်ပစ်လိုက်တော့တယ်။

“ဘာက အဲ့ဒီလောက် ရယ်စရာကောင်းနေလို့လဲ၊ ပါးစပ်ပိတ်ထားစမ်းပါ!ကြောင်သူတော်ရဲ့” ။ ကျီရွှမ်က ဆွံ့အသွားရတယ်။ အခုလေးတင် ပြုမူပြနေတဲ့ သူမက တစ်ကိုယ်ကောင်းမဆန်တတ်တာနှင့် ဖြောင့်မတ်ပြနေတာတွေအကုန်လုံးက အပေါ်ယံကြီးပဲ။

ရှောင်ယွီက သူ့ကို ငြင်းမနေဘဲ သူမဘာသာ နောက်ခုံပေါ်ကို တရွတ်တိုက်ဆွဲသွားပြီး သူ့ကို ဘီးတပ်ကုလားထိုင်နှင့် ချန်ထားခဲ့လိုက်တယ်။

ကျီရွှမ် : “……” ငါ့ကို  ငြင်းလေ။

“ဖေဖေ၊ ကြောင်သူတော်ဆိုတာ ဘာကြီးလဲ?” ရှောင်ရော့ကွမ်းက ကားထဲကို ဝင်ပြီးသွားချိန်မှာ ဘီးတပ်ကုလားထိုင်ကို ကားထဲထည့်နေတဲ့ ကျီရွှမ့်ကို မေးလိုက်တယ်။

ကျီရွှမ်က မော့မကြည့်ဘဲ ပြောလိုက်တယ်: “သားမေမေကို မေး”

ရှောင်ရော့ကွမ်းက ရှောင်ယွီကို လှည့်ကြည့်လိုက်တယ်။ ရှောင်ယွီက  ပြုံးပြီး ပြောပြတယ်၊ “ဥပမာပြောရရင်၊ သားဖေဖေက အခုမေမေ့ကို ဘီးတပ်ကုလားထိုင် ရွှေ့ဖို့ကူပေးပြီး မေမေ့ကို ထိရှခံစားသွားရတာမျိုး လုပ်နေတာဆိုပါတော့။ ဒါပေမဲ့ တကယ်ကျ သားဖေဖေက အဲ့လိုမလုပ်ချင်ဘူး၊ သူက မေမေကြောင့်ဒုက္ခဖြစ်ရတဲ့အတွက် မေမေ့ကို တိတ်တိတ်လေး ကျိန်ဆဲနေတာကွာ။ အဲ့ဒါကို ကြောင်သူတော်လို့ ခေါ်တာ!”

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Hikayelerin yaşadığı yer. Şimdi keşfedin