Chapter(15)

3.2K 627 73
                                    

Unicode~

Chapter(15) သူမက သားဆရာမမှ မဟုတ်တာ

တိတ်ဆိတ်မှုက သုံးမိနစ်ခန့်မှ ရစ်ဝဲသွားတယ်။ ကျီယွီက မရေမရာ မေးတယ်: "မေမေ၊ ဒါက.....အဖြူရောင်မုသားလား?"

ရှောင်ယွီက သေချာရေရာမှုအပြည့်ဖြင့် ပြောတယ်: "ဟုတ်တာပေါ့!"

ကျီရွှမ်:"....."

အဲ့ဒီအချိန်မှစပြီး ကျီရွှမ်က သူ့တွေးခေါ်ပုံတွေက ကလေးတွေအတွက် ဖြောင့်မတ်လွန်အားကြီးနေလားဆိုပြီး စတင်သုံးသပ်တယ်။ သူက သူမလိုသာဆိုရင်.....ပိုပြီး လွယ်ကူသွားမလား?

"မေမေ၊ အဖြူရောင်မုသားဆိုတာက ဘာလဲ?" ရှောင်ရော့ကွမ်းက မျက်တောင်တစ်ဖျတ်ဖျတ်ခတ်၍ ရှောင်ယွီကို သူ့၏မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်တယ်။

ကျီရွှမ်က အံ့ဩသွားတယ်။ သူဘယ်လို ​ဖြေရမလဲ?တကယ်လို့ သူ့ကို အဖြူရောင်မုသားက ဘာလဲဆိုတာ ပြောပြလိုက်ရင် သူတို့လိမ်နေတာ သူသိသွားလိမ့်မယ်၊ အဲ့ဒီအခါကျ သူက သေချာပေါက် အရမ်းဝမ်းနည်းသွားမှာပဲ။

ကျီရွှမ်က ရှောင်ရော့ကွမ်းကို ပြန်ကြည့်ပြီး အား​တောင့်အားနာ စဉ်းစားကြည့်တယ်၊ သူ ဒီကာလဆိုးကို ဘယ်လိုပြောပြီး ကျော်လွှားရမလဲ?

ထို့နောက် ရှောင်ယွီက ရှောင်ရော့ကွမ်းကို အပြုံးလေးတစ်ပွင်ံဖြင့် ပြောနေသည်ကို သူကြားလိုက်တယ်။ "သား ကြီးလာရင် သိလိမ့်မယ်"

ရှောင်ရော့ကွမ်း၏မျက်လုံးများက ဝိုင်းစက်သွားတယ်: "ဒါက လူကြီးတွေပဲ သိနိုင်တာလား?"

ရှောင်ယွီက ခေါင်းညိတ်ပြပြီး ပြောတယ်။
"အင်း"

ကျီရွှမ်:"........"
ကြည့်ရတာ....တည့်ပြောတာကလည်း အလုပ်ဖြစ်တယ်လား?

ကျီယွီက ရှောင်ရော့ကွမ်းကို ကြည့်ပြီးနောက် ရှောင်ယွီကို မေးတယ်: "မေမေ၊ မေမေက သမီးကိုကျ အဖြူရောင်မုသားက ဘယ်လိုဟာဆိုတာပြောပြပြီး ဘာလို့သမီးမောင်လေးကိုကျ မပြောပြတာလဲ?"

ရှောင်ယွီက ကျီယွီကို ကြည့်ပြီး ပြောတယ်။ "အဲ့ဒါက သမီးက ကျောင်းတက်နေပြီး သူကမတက်ရသေးလို့ပေါ့"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Hikayelerin yaşadığı yer. Şimdi keşfedin