Chapter(4.2)

3.5K 617 13
                                    

Unicode~

Chapter(4.2)

ရှောင်ရော့ကွမ်းက အတော်လေးနှေးနေပေမဲ့လည်း သူ့လက်လေးများဖြင့် အပေါင်းအနုတ် ရိုးရိုးများကို ဖြည်းဖြည်းချင်း ပြုလုပ်နိုင်သေးသည်။

ရှောင်ယွီက ရှောင်ရော့ကွမ်းကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။ "အဆင်ပြေပါတယ်၊ ဘေဘီလေးရဲ့၊ မေမေ သားဖေဖေကို ပြီးရင် သားကို ထမင်းလိုက်ကျွေးဖို့ ပြောလိုက်မယ်နော်"

ရှောင်ရော့ကွမ်းက သူ့ခေါင်းကို လှည့်ပြီး သူမကို ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေကို ပေကလတ်ပေကလတ်လုပ်ပြီး သူမကို မေးတယ်။ "တကယ်လား?"

ရှောင်ယွီက ဟုတ်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်: "အင်းပေါ့"

နှစ်ယောက်သား ဆယ့်နှစ်နာရီမတိုင်ခင်ထိ စိတ်အားထက်သန်စွာစောင့်နေကြပြီးနောက်မှာတော့ ကျီရွှမ်နှင့် ပန်ကျန်းယဲ့က လူနာဆောင်ကို နောက်ကျပြီး ဝင်လာတယ်။

သူတို့တွေက ရှောင်ယွီကိုလဲ မြင်ရော နှစ်ယောက်လုံး တုန်လှုပ်သွားတယ်။ ရှောင်ယွီက ထူးကဲတဲ့ အသွင်အပြင်နှင့် အလှလေးတစ်ယောက်မဟုတ်ပေမဲ့လည်း သူမက မိန်းမချောတစ်ယောက်ဆိုတာကိုတော့ ငြင်းလို့မရဘူး။ ရှောင်ယွီမှာ ကလေးပုံမျက်နှာလေးရှိတယ်။ ကလေးမျက်နှာလေးတင်မကဘူး၊ သူမ အရပ်ကလဲ ပုသေးတယ်။

ဒီလို ပါးချောင်ရိုးတွေကျနေတဲ့ သေးသေးသွယ်သွယ်မိန်းမတစ်ယောက်။ သူမဆံပင်က ကြွတ်ဆပ်နေပုံပေါ်ပြီး သူမနူတ်ခမ်းတွေက အခွံမာပုံပေါက်နေပေမယ့် သူမမျက်လုံးတွေက အားအင်ပုံနေသေးပုံပဲ။

သူမက အဲ့ဒီမှာလှဲနေပြီး သူတို့နှစ်ယောက်ဝင်လာတာကို မြင်ခဲ့တယ်။ သူမရဲ့ သိမ်မွေ့တဲ့ အကြည့်က ကျီရွှမ်နှင့် ပန်ကျန်းယဲ့ကို အနည်းငယ် အရှက်ရသွားစေတယ်။ သူမက အရမ်းသနားစရာကောင်းနေတဲ့ပုံပဲ။ သူတို့က သူမမှာ တခြားအကြံအစည်တွေရှိတယ်လို့ ထင်မိတာ။ သူတို့ တကယ်ပဲ အဲ့လို မတွေးခဲ့သင့်ဘူး။

သူတို့နှစ်ယောက်လုံး သူတို့အတွေးတွေ ပျောက်သွားပြီးချင်းပဲ ရှောင်ယွီရဲ့ ခြောက်သွေ့နေတဲ့ နုတ်ခမ်းက ဖွင့်လိုက်ပိတ်လိုက် နှစ်ခါလုပ်တာကို မြင်လိုက်တယ်။ သူမက ပြောလိုက်တယ်: "နောက်ဆုံးတော့ ရှင်တို့ ရောက်လာပြီပဲ။ ကျွန်မတို့ကို နေ့လည်စာ မြန်မြန်ဝယ်ပေး။ ကျွန်မတို့ ဆာလို့သေတော့မယ်"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Onde histórias criam vida. Descubra agora