Chapter (34)

2K 408 55
                                    

Unicode~

Chapter(34) မျက်လုံးပါပေမဲ့ မျက်ဆန်ရှိရှာဘူး

ညနေပိုင်းမှာ သူတို့ညစာစားကြတယ်။
ဘိုးဘိုးကျီက ကျီရွှမ့်ကို ဆွဲခေါ်သွားပြီး မေးတယ်၊ " ရှောင်ယွီ့ကို ပြန်ပေါင်းမယ့်အစီအစဉ်ရှိလား?"

ကျီရွှမ်က မျက်မှောင်ကျုံ့ပြီး ပြောတယ်၊ " မရှိပါဘူး၊ ကျွန်တော် ရှောင်ယွီ့အပေါ် အကြွေးတင်နေသမျှ အကုန်ပြန်ဖြည့်ဆည်းပေးမှာပါ"

ဘိုးဘိုးကျီက သက်ပြင်းချပြီး တိုးတိုးညင်းညင်းလေး ပြောတယ်၊ " ရှောင်ယွီက လူကောင်းတစ်ယောက်ပါ၊ ငါ့မြေး ရှောင်ယွီ့ကို မကြိုက်ရင် အဘိုး ရှောင်ယွီ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးလို့ရတာပေါ့"

ကျီရွှမ်က စိတ်ပျက်သွားတယ်၊ ဒီကိစ္စနှင့်ပတ်သက်ပြီး နည်းနည်းတော့ သူ မကြည်မသာဖြစ်ရတယ်၊ သူက ပြောလိုက်တယ်၊ " အဘိုး၊ ကလေးနှစ်ယောက်အတွက်လည်း စဉ်းစားပါဦး!"

ဘိုးဘိုးကျီက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်၊ " ရှောင်ယွီက နှစ်ဆယ့်ငါးနှစ်ပဲရှိသေးတယ်ကွ! ရှောင်ယွီနဲ့ သက်တူရွယ်တူတွေဆိုရင် တက္ကသိုလ်ကနေ ဘွဲ့ရတာ နှစ်နှစ်တောင်ရှိပြီ! မင်းက ရှောင်ယွီ့ကို အနာဂါတ်မှာ တစ်ယောက်တည်း အသက်တွေကြီးသွားခိုင်းတဲ့အထိ ဘယ်လိုတောင် ရက်စက်ရတာလဲ!"။ ဘိုးဘိုးကျီက သူ့ကို တုတ်ကောက်နှင့် ရိုက်ချင်နေပါပြီ။

ကျီရွှမ်က ရှောင်ထွက်သွားတယ်၊ ဘိုးဘိုးကျီက ချက်ချင်းပဲ အော်လိုက်တယ်: " ဟုတ်ပါပြီ! မင်းက စစ်သားဖြစ်ခဲ့တာဆိုတော့ အခု မင်းရဲအဘိုးအပေါ်မှာ ပညာတွေထုတ်သုံးနေတာပေါ့လေ၊ ဟုတ်လား?"

ကျီရွှမ်က အေးတိအေးစက်နှင့်ပဲ ပြောနိုင်တော့တယ်: " ကွယ်ရာမှာပဲ ရိုက်ရင် ရပါတယ်၊ ဒါပေမဲ့ လူတွေရှေ့မှာတော့ မရိုက်လို့မရဘူးလား၊ အရမ်းရှက်စရာကောင်းတာပဲ!"

ဘိုးဘိုးကျီက သူ့ကို အော်ပြန်တယ်၊ " ငါက မင်းကို အရှက်ရစေတယ်ပေါ့လေ? အပြင်လူတွေရှေ့မှာ မင်းကို တစ်ခါမှ သိက္ခာမချဖူးပါဘူး။ ငါက လူတိုင်းရှေ့မှာ မင်းကိုတောင် ချီးကျူးသေးတယ်ကွ! ရှောင်ယွီက သူစိမ်းလား? ရှောင်ယွီက ဒီမိသားစုဝင်မဟုတ်ဘူးလား? ရှောင်ယွီက မင်းကလေးနှစ်ယောက်ရဲ့အမေလေ၊ ဘယ်လို့ အပြင်လူဖြစ်ရမှာလဲ?"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now