Unicode~
Chapter(6) ဘာလို့ မင်းငါ့ကို မပြောခဲ့တာလဲ?
ပန်ကျန်းယဲ့က အင်္ကျီအပုံလိုက်နှင့် ဝင်လာတဲ့အချိန်မှာ သူမက ကျီရွှမ် ကုတင်ဘေးမှာရပ်ပြီး စိတ်ဆိုးစွာဖြင့် အသက်မနည်းလုရှူနေရသည်ကို တွေ့လိုက်ရသည်။ပန်ကျန်းယဲ့က ဘာဖြစ်သွားမှန်း မသိပေမဲ့လည်း အကြောင်းတစ်ချို့ကြောင့် သူမရင်ထဲမှာတော့ ကျီရွှမ်အတွက်် ကိုယ်ချင်းစာမိတယ်။
ကျီရွှမ်က သူ့နှာခေါင်းရိုးကို လက်မနှင့်လက်ညိုးသုံးကာ ဖိပြီးနောက် ရှောင်ယွီကို ကြည့်ကာ ပြောတယ်။ "ငါမင်းရဲ့ ငွေရေးကြေးရေးပြဿနာတွေကို ဖြေရှင်းပေးမယ်။ ငါမင်းအတွက် လူနာစောင့်တစ်ယောက်လည်း ငှားပေးမယ်။ ဒါနဲ့ ...... ငါ့သားနာမည်က ဘာလဲ?"
( ဒီလိုပုံမျိုးလေးပါ။ကိုယ်သရုပ်ဖော်တာမပေါ်မှာစိုးလို့။ ကျီရွှမ် ဒီသားအမိနှင့် အသေစိတ်ကုန်နေမှာ သေချာတယ်။)
ရှောင်ရော့ကွမ်းက မတ်တပ်ရပ်ပြီး ပြောလိုက်တယ်။ "သားနာမည်က ရှောင်ရော့ကွမ်းပါ၊ ဖေဖေ မျက်လုံးဖြူ ဝံပုလွေ"
ကျီရွှမ်က သတိရှိရှိဖြင့် "မျက်လုံးဖြူ ဝံပုလွေ"ဆိုတဲ့ စကားလုံးကို ပိတ်ပြီး ပြောလိုက်တယ်: "ကောင်းပြီ။ ရှောင်ရော့ကွမ်းက ငါနဲ့အတူ ပြန်လိုက်ခဲ့ရမယ်"
ရှောင်ရော့ကွမ်းက သူ့ခေါင်းကို ရမ်းပြီး ပြောတယ်။ "မလိုက်ဘူး။ သားက မေမေကို ဂရုစိုက်ချင်တယ်"
ကျီရွှမ်က သူ့ရဲ့ခေါင်းကြီးကြီးလေးကို ထိပြီး ပြောတယ်: "ဖေဖေက သားမေမေကို ပြုစုဖို့ လူနာစောင့်တစ်ယောက်ကို တာဝန်ပေးပြီးပြီ။ သူမက သားမေမေကို ကောင်းကောင်း ဂရုစိုက်မှာပါ။ အခုကစပြီး သားက သားမေမေဆီ နေ့တိုင်း လာလည်လို့ရတာပဲလေ"
BẠN ĐANG ĐỌC
ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )
Lãng mạnChapters-122chapters Genre-comedy,josei,romance,slice of life I do not own this story. All credits go to original author.