Chapter(7)

3.6K 652 32
                                    

Unicode~

Chapter(7) အဖေနှင့်သား

ဝန်ထမ်း၏မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။ သူမက တကယ် မန်နေဂျာကို မခေါ်ချင်ဘူး။ ဒါကြောင့် သူမက တောင်းပန်တယ်: "ကျွန်မတောင်းပန်ပါတယ်၊ လူကြီးမင်း၊  ဒီဝတ်စုံကို စမ်းဝတ်ကြည့်ခွင့်ပေးရင် အဆင်ပြေမလားရှင်"

ကျီရွှမ်က ပျက်ရယ်ပြုတုန်းပဲ: "မင်း ,မန်နေဂျာ, ကို, ခေါ်လိုက်"

ဝန်ထမ်းက ကျီရွှမ်က ဒီပုံအတိုင်း ဆက်သွားနေတာကို မြင်တဲ့အခါမှာ အရမ်းစိတ်ဓာတ်ကျသွားတော့တယ်။ ဒါပေမဲ့လည်း ဒီဆိုင်က အရမ်းစည်းကမ်းကြီးတယ်။ သူမသာ ဝယ်ယူသူတွေကို ဆူပူရဲမယ်ဆိုရင် သူမလစာက ပလုံသွားလိမ့်မယ်။ သို့ပေမဲ့လည်း သူမက မန်နေဂျာကို သိပ်မခေါ်ချင်ဘူး။ သူမက အလုပ်လုပ်ဖို့ လာရုံပဲလေ၊ တကယ်လို့ သူမသာ တကယ်ကြီး မန်နေဂျာကို ခေါ်လိုက်ရင် အနာဂါတ်မှာ ဒီနေရာမှာ သူမဘယ်လိုလုပ် ရှင်သန်နိုင်ပါလိမ့်မလဲ?

နောက်ဆုံးကျ သူမမန်နေဂျာကို မခေါ်လိုက်ရဘူး။ တခြားအပိုင်းက ဝန်ထမ်းက ကျီရွှမ်ကို မြင်သွားပြီး ချက်ချင်းပဲ အပြုံးနှင့် နူတ်ဆက်တယ်: "ဥက္ကဌကျီ၊ ဒီကိုရောက်နေတာလား? သမီးလေးအတွက် ဝတ်စုံအချို့ ရွေးမလို့ပါလား? ဒီနေ့ အသစ်ရောက်တာတွေ ရှိပါတယ်၊ ထိပ်တန်းအထည်သားနှင့်၊ နောက်ဆုံးပေါ် ဒီဇိုင်းတွေပါ။ မမလေးကျီက ဘာဝတ်ဝတ် ကြည့်ကောင်းနေမှာ သေချာပေါက်ပဲပေါ့"

ဝန်ထမ်းက စကားပြောတာရပ်လိုက်ချင်းပဲ သူက ကျီရွှမ် မျက်နှာသိပ်မကောင်းဘူးဆိုတာ သတိထားမိလိုက်တယ်။ ဒါကြောင့် သူက မေးလိုက်တယ်: "ဥက္ကဌကျီ၊ ဘာများ....အဆင်မပြေလို့လဲ?"

သူမရဲ့စီနီယာက ထိုသူ့အပေါ် ယဉ်ကျေးနေတာကို ကြားရတဲ့အခါမှာ ဝန်ထမ်းသစ်ရဲ့မျက်နှာက မည်းမှောင်လာတယ်။ သူမက နှစ်ရက်ပဲ အလုပ်ဆင်းရသေးချိန်မှာ ဆိုင်ရဲ့VIPတစ်ယောက်ကို မတော်တဆ အမှားပြုမိမယ်လို့ မထင်ခဲ့မိဘူး။

ဒီအချိန်မှာပဲ စီနီယာဝန်ထအ်းက ကျီရွှမ်ဘေးက ရှောင်ရော့ကွမ်းကိုလည်း မြင်လိုက်တယ်။ သူက အထင်သေးတဲ့အမူအရာတစ်စက်မှ မပြဘူး။ သူက ချက်ချင်းပဲ ပြုံးပြီး ပြောတယ်။ " ဒါက သခင်လေး ဖြစ်ရမယ်! အရမ်း ချစ်စရာကောင်းတာပဲ။ ဥက္ကဌကျီနှင့် တူလိုက်တာ!"

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now